Professional Authors

“`ချစ်မိသူ“`

နင့် ကိုငါ ရိုးရိုးလေး တွေ့ တဲ့ နေ့ မှာပဲ
ငါ့ စိတ်ထဲက တိုးတိုးလေး ချစ်သွားခဲ့ တယ်
တက္ကသိုလ် ဆိုတာ
ငါ့ ဘ၀ အတွက်လှေကားထစ် လေးတွေ နဲ့ 
လက်ကိုင်တန်းလေးရိုက်ပေးမယ့် 
လက်သမားဆရာတစ်ယောက်ပါ

စတွေ့ ကထည်းက ရင်ခုန်
ဘယ်လိုရင်ဆိုင်ရမလဲ ..မဆုံးဖြတ်တတ်
လိုက်ပြောဖို့ က …နင့် အရှက်အတွက် …ငါမလုပ်ရက်
ငါ့ အချစ်ကနင့် အတွက် ခါးနေမယ်ဆိုရင်တောင်
ဆေးဘက်တော့ ဝင်ကောင်း ၀င်နိုင်ပါရဲ့ 
ငါနင့် ကိုစတွေ့ ထဲက အခုချိန်ထိလေ
အလွမ်းတွေ ကို သီကုံးပြီး
ငါနင့် အပြုံးလေးကို စောင့် မျှော်နေတုန်းပါ ….
နင်မသိခဲ့ တဲ့ အမှတ်တမဲ့ တွေ မှာ
ငါ့ အတွက် အမှတ်တရတွေဖြစ်လာတယ်
နင် လှည့် မကြည့် မိတဲ့ နောက်ကျောတိုင်းမှာ (နင့် နောက်မှာ)
ငါအမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး ရှိနေခဲ့ တယ်       
နင်သိမလား………..`ချစ်မိသူ` ဆိုတာ
ကမ္ဘာတည်သရွေ့ လှောင်ပြောင်ခံရဦးမယ့် သူတွေလေ…..
ငါကျေနပ်ပါတယ်။။။။။။။။။။။

In: ကဗျာ Posted By: Date: Aug 11, 2012
Comment #1

Mike de.

commentinfo By: ei lay at Aug 11, 2012
Comment #2

🙂

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment