Professional Authors

လွမ်း

ငူဂနိုင်
ကြူလှိုင်တဲ့ပန်း။
ရွှင့်ပြုံးဝေ
မြင့်ဆုံးခြေ ဗွေကနက်မှာပေါ့
ဖြေစက်ကာမြန်း။

ချူမယိုင်
ပူမှိုင်ချဲ့တမ်း။
ပွင့်ကုံးရွေ
ဇင့်ဖုန်းဆွေကြွေမသက်ရှာတော့
ချွေရက်ကွာလှမ်း။

ဖြူတခိုင်
မြူချိုင်လှဲ့ဖမ်း။
ဝင့်လုံးစေ
သွင့်မုန်းထွေရွှေတခက်ညှာဖေါ့
သွေမျက်လွှာကမ်း။

တူအပြိုင်
ယူနိုင်ငဲ့မှန်း။
လင့်တုန်းလေ
ဆင့်သုံးဖွေဖြေအမြွက်လှာတော့
ပွေလျက်သာလွမ်း။

တွံ့တေး(သက်ဦး)

In: ကဗျာ Posted By: Date: Aug 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment