Professional Authors

ယနေ့ နှစ်သန်းလေးဆယ်

 

ငါ့ရင်ထဲက အပူစီးကြောင်းတွေကြောင့်

အညာနွေ လှန်ပြတဲ့ လက်တွေကို

ငါ မခံစားနိုင်တော့ဘူး ။

 

လက်တင်ရလောက်အောင်လည်း

နဖူးက အေးမြမနေဘူး ။

 

ပိန်ချည်ဖောင်းချည် ကစားနေတဲ့

ငါ့ဝမ်းဗိုက်က ငါ့ကို မသိကျိုးကျွန်ပြုလို့ ။

 

 

မျက်နှာပေါ် ရှပ်ပြေးတဲ့ အပြုံးများ

ပုဝါပါးလှပ်ပြမှ မြင်ရတဲ့ ဒြပ်ထုများ

ခဏခဏ  စစ်ကြည့်မှ တွေ့ရတဲ့ အလှတရားများ

ရှေ့တခေါ်က မြက်ခင်းစိမ်းလမ်းများ

……………………………………………..

……………………………………………..

…….….များ၊.……..….များ၊………..….များ၊

အဲဒါတွေ အားလုံးအတွက်

ငါ ဘေးထွက်ထိုင်နေရတယ် ။

 

တကယ်တော့

ငါကို ငါ တူးဖော်ကြည်တဲ့အခါမှ

ပြန်တွေ့တွေ့နေရတာက………

လူတွေ ။   

 

မောင်နေပြာ                                

In: ကဗျာ Posted By: Date: Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment