Professional Authors
ထွေးငယ်
သူ မနေ့က အဆောင်မလာဘူး
မင်း စဉ်းစားတွေးတောနေရင်ကော
ဓာတုကလျာ ရဲ့ အချစ်လို
ရနံ့မပြယ်ပေမဲ့ အရသာဖွယ်မယ်။
မင်းဇက်စီးရုျ လာချင် လာခဲ့ဦး။
မင်းမျက်လုံးတွေ တောင်ပံမခတ်ပါနဲ့ကွယ်
အပြုံးတစ်စမှာတင်
ငါ့နှလုံးသားတွေ အတုံးအရုံး
ရင်ထဲမှာက တစ်ယောက်ဆို တစ်ယောက်
ပြောစမှတ်တွင်လောက်ပုံများ
မန်းသင်္ကြန်ဆို ကိုဇော်ဝမ်းကြီးသီချင်းတွေ မရိုးနိုင်သလိုမျိုး
ဆည်ဘေးက မင်းရွာ
ငါမရောက်ဖူးပေမဲ့ မှန်းပြီး လွမ်းလို့လွမ်း
ညနေချိုမှာ
ငါပခုံးဘေး မင်း မေးတင်မှေးလို့မှေး
ဘေးက ကပ်လျှောက်နေတဲ့ ဧရာဝတီကို
မင်းအကြောင်း မေးလို့မေး
မရိုးဆန်းတေးတစ်ပုဒ်လို
မင်းအကြောင်း ကဗျာ ရေးလို့ရေးနဲ့—-။ 
မောင်နေပြာ
In: ကဗျာ Posted By: Date: Jul 31, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment