Professional Authors

ကျန်ရစ်ခဲ့လေသော

ဘယ်တော့မှ မခွဲဘူးနော်တဲ့
သူမရဲ့ အမှန်တရားတွေ
မိုးရေနဲ့အတူလွင့်ပါး
ပန်းစကားလဲခါးခဲ့တယ်…

ချစ်တယ်ချစ်တယ်
အဲဒီ လီဆယ်မှုဖြူဖြူနုနုတွေကြား
ကဗျာတွေပွားများရင်းနဲ့ပဲ
မြှားအစင်းစင်း ထိရှ
သတိရခြင်းဆိုတာလေးတစ်ခု အကြောင်းပေါ့..

လက်တစ်ဘက်ရဲ့ နွေးထွေးသိပ်သည်းမှုကိုတိုင်းတာရင်း
မြစ်တစ်စင်းဖြစ်တည်မှုကိုမေ့လျော့
အိုမာခယမ်ရဲ့ စာလုံးပေါင်းသတ်ပုံကျမ်းမှာ
ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့ခဲ့တယ်…

သေမယ်မှန်းသိသိနဲ့
ပျဉ်ဖိုးကြိုမစုထားနိုင်ခဲ့ကောင်ပါ
နာမည်တစ်လက်ကို
ကမ္ဘာမှတ်ပြီး မက်ကောင်းတုန်း
နာရီတွေအားလုံးပျောက်လောက်အောင်မိုက်ခဲ့တာ….

မသိချင်ယောင်ဆောင်ပေးကြစမ်းပါ
မျက်နှာကုထုံးတစ်ဖုံစာ
နတ္ထိတန်ဖိုး စာရွက်ဝါတစ်ရွက်
ဂစ်တာတစ်လက်ရဲ့ စွန်းထင်းမှု
အရာထင်ကျန်ခဲ့သော ညများ
ဆုံးပါးသွားသော အိပ်မက်တစ်ခုမှာ
ကျနော် တာဝန်သိစွာ အသည်းကွဲခဲ့တယ်ဆိုတာကိုလေ….
 

In: ကဗျာ Posted By: Date: Jul 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment