Professional Authors

တကယ်ပါချစ်သူ…

တကယ်ပါချစ်သူ….
ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။
မြှားတစ်စင်းဆင်ရုံလေးနဲ့တော့
မကျီစားပါနဲ့…ချစ်သူရယ်….
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို
အခါခ်ါခေါက်သိမ်းရင်း…
မြတ်နိုးမှုသက်သက်နဲ့တင်
ကျေနပ်မိသူတစ်ယောက်ကိုမှ
အလွမ်းတွေ…ပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။

ငါသာလျှင်..
မင်းရဲ့အကြည့်
မင်းရဲ့အပြုံးတို့စေစားရာ။
ငါသာလျှင်.
မင်းရဲ့အသံ
မင်းဟန်တို့ရဲ့ရည်မှန်းရာ။
ငါသာလျှင်..
မင်းနှလုံးသား
မင်းအတွေးတို့ပိုင်စိုးရာ။
မမြဲ……..ဖြစ်နေချင်ခဲ့။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက် တောင့်တရင်းနဲ့…
ချစ်သူ
ငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……
မင်းအနားမှာ…
ငါမှတပါး….
အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။

In: ကဗျာ Posted By: Date: Jul 15, 2012
Comment #1

မှန်တာပေါ့…တကယ်လည်းဖြစ်သင့်တယ်လေ…

commentinfo By: poem.poem28 at Jul 16, 2012
Comment #2

100% right,
ei lay ka dot sate poat ta larr ma pyaw ne,
thu bae hmar ei ka lwe loh be wonmen hma ma myin chin bu, (except mother)
😛
myin loh ka dot a tway be, hint,,
khoe p loak nay yin dot pyaw tat bu pop naw, 🙁

commentinfo By: ei lay at Jul 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment