Professional Authors

မိုးတွင်းဇာတ်လမ်း

ဆို့နင့်မှု့တစ်ခု
ဘယ်အရာနဲ့ကျွန်တော်ဖုံးရမလဲ
လူကထိန်းထားပေမယ့်
အသံကတုန်
လူလည်းထုံနေပြီ
မိုးကတော့
မညှာတာတတ်
မိုးရွာတဲ့ အချိန်တိုင်း
ခံစားရတော့မယ့်
ဒဏ်ရာတစ်ချို့ဘယ်သူ့မှမပေးဘဲ
ကျွန်တော်ရလေပြီ
ပြောတာကတော့ ပြတ်သည်
နင်နဲ့ငါ ပြီးပြီတဲ့
ခေါင်းစီးစာတန်း
ကျွန်တော်မတတ်ရသေး
အချစ်တေးတွေ ကျွန်တော်မစပ်ရသေး
ရှင်းရှင်းပြောရရင်
သူမကိုကျွန်တော်ချစ်လို့ပင် မ၀သေး
မိုးနဲ့စတဲ့ဇာတ်လမ်း
မမှိုးနဲ့ပဲအဆုံးသတ်
ကျွန်တော့်မှာပါတဲ့ထီးအပြာရောင်းလေး
သူမကိုလှမ်းပေးရင်း
တို့နှစ်ယောက်အတူ
မိုးသည်းထဲဆောင်းခဲ့တဲ့ထီးမို့
မင်းအမှတ်တရသိမ်းထားလိုက်ပါ
သူမကတော့ ကောင်းပြီတဲ့
ထီးကိုယူတယ်
ပြီးတော့ လှမ်းမကန်းက
အမှိုက်ပုံးထဲ ထည့်တယ်
ငါ့ရင်ထဲ နင်နဲ့နင့်အမှတ်တရတွေ
ဘာဆိုဘာမှမရှိတော့ဘူးတဲ့
သူများအမြင်မှတော့
ကောင်လေးနဲ့ကောင်မလေး
သူတို့နှစ်ယောက်မိုးရွာတိုင်းဆောင်းတဲ့
ထီးပြာကလေးကို ကောင်မလေးကလွှတ်ပစ်တယ်ပေါ့
တကယ်က ထီးနဲ့အတူအမှိုက်ပုံးထဲကို
ကျွန်တော့်အသည်းနှလုံးပါ ပါသွားလေပြီ….။
သူနဲ့ကျွန်တော်ကို ပေါ်မှာ မိုးရေစက်အချို့
အချို့မဟုတ် တော်တော်များများ ရွှဲရွှဲစိုစို
ပြီးတော့သူမ က ဒေါက်မြင့်ဖိနပ်ကလေးကို
ကြွကြွကလေးလှမ်းကာ
ချယ်ရီဝက်ဂွန် Taxi အ၀ါလေးထဲ
လှလှကလေးပဲဝင်သွားလေသည်
စတွေ့တုန်းက ဘတ်စ်ကားပေါ်ကအဆင်း
မိုးရေတွေစိုနေတဲ့မင်း
အခုတော့ ချယ်ရီဝက်ဂွန်ပေါ်က
မင်းကို ကြည့်ရင်းအလွမ်းတွေနဲ့ငိုတဲ့ငါ
တော်တော်ကြာတော့
ငါလှမ်းကြည့်မိသည်
သူမကိုရှာမိသည် မတွေ့တော့
ချယ်ရီဝက်ဂွန်တချို့ငါတားမိသည်
သူမတော့မပါတော့ချေ….။
ချစ်သူရေ………………………………။

In: ကဗျာ Posted By: Date: Jul 15, 2012
Comment #1

ko moe g,,ltnc.
how r u?
ma tway tar kyar pi khu hma pyan paw lar de,
paw lar dot a te kwe tar ne sa de,
😛
a mye pyaw tat de ko moe g ko sate khan sarr ya aung loak taw “thu ma” ko ei doe ta yar swe me.
😛

commentinfo By: ei lay at Jul 15, 2012
Comment #2

😂😂😂

commentinfo By: moegyi at Jun 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment