Professional Authors

တတိယည ကဗျာ

ငါရဲ့ ရှေ့ က ကောင်းကင်မှာ…

လှပစွာ ကြယ်မစုံပါ…

ကြီးသေးသော သစ်ပင်များစွာ….

စိတ်ကူးထဲကလို လရောင်မဆမ်းပါ….

အလင်းကျရောက်…

မျက်စိအောက်က မီးရောင်ဟာ…

ကဗျာဆန်တဲ့ မီးအိမ်ကလေးကလည်း မဟုတ်ပါ….

မာကျူရီမီးရောင်လို ဖြူစင်စွာမလင်းတဲ့…

အ၀ါရောင်ဆေးသား တစ်စုံပါ…

ငါထိုင်သောနေရာ…ဒီခုံတန်းဟာ…

နွေးထွေးတဲ့ ငါ၏ အိမ်ဝရံတာမှာလည်း မဟုတ်ပါ…

ငါ့ဘေးက သင်းပျံ့ ရနံ့ တွေလည်း…

ပန်းများစီခြယ် ချိုသောရနံ့ တို့ မထုံသင်းတဲ့…

အဆိပ်တွေပါ…

ဦးနှောက်ထဲက အတွေးများမှာ သက်ပြင်းတွေချ…

တစ်စုံတစ်ယောက်ကို လွမ်းနေသူသက်သက်ရဲ့ …

လေညှင်းမဲ့ ညတစ်ညပါ…

In: ကဗျာ Posted By: Date: Jul 8, 2012
Comment #1

hit my heart,
😛

commentinfo By: ei lay at Jul 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment