Professional Authors

အလွမ်းသင့်သူ (မင်းကိုချစ်တဲ့သူ)

ဝင်သက်ထွက်သက်တိုင်းကို

သူနဲ့ ထပ်တူကြဖို့

သေသေချာချာ ကြိုးစားခဲ့တယ်

ရင်ခုန်သံ မတူတဲ့လူတွေအတွက်

ဘယ်လို ပြုပြင်ပြီးယူလို့ရမလဲ…

 

မတူညီတဲ့ အယူအဆတွေနဲ့

ကွဲပြားတဲ့ အယူဝါဒတွေကြား

ဘာကြောင့် ဗျာများနေရတာလဲ

ကျနော်ဟာ သူ့ရဲ့မှန်တချက်ပါ

လက်ဖမိုး လက်ဖ၀ါး အမြင်တွေ

မရှိသင်းဘူးလို့ ထင်မိတာပါပဲ…

 

စက္ကန့်တံတချက် ရွေ့လိုက်တိုင်း

မျှော်လင့်ချက်တွေ မှေးမှိန်သွားတယ်

အတ္တ မာနတွေနဲ့ ရမ္မက်ကင်းတဲ့

အချစ်တွေအတွက် ရလဒ်က

ဝေးကွားခြင်းတွေပဲလား…

 

သူ့ကိုချစ်နေဆဲပါ အမုန်းခပ်နဲနဲနဲ့ပေါ့

မျှော်လင့်ချက် တထုပ်တပိုးနဲ့

မနက်ဖြန်တွေကို မျှော်ကိုးခဲ့ပါတယ်

ရောက်လာတဲ့ မနက်ဖြန်တွေက

ပုံတူကူးထားတဲ့ ဒီနေ့တွေလိုပါပဲ…

 

ကျနော့်ဘ၀မှာ …

လိုတရ ခဲ့ဖူးတယ်

မလိုတာလဲ ရခဲ့ဖူးတယ်

အခုတော့…

ကြုံဆုံလာသမျှ ကံကိုပုံချလို့

ခံစားချက်မဲ့တဲ့ လူတယောက်အသွင်နဲ့

အသက်ဆက်ရှင်တော့မယ်….

In: ကဗျာ Posted By: Date: Jun 24, 2012
Comment #1

အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Jun 24, 2012
Comment #2

ကျေးဇူးတင်လျက်ပါပဲ… 🙂

commentinfo By: deadxromeo at Jun 24, 2012
Comment #3

🙂

commentinfo By: ei lay at Jun 24, 2012
Comment #4

Feel again

commentinfo By: ei lay at Sep 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment