Professional Authors

သက်ရောက်မှုတိုင်းမှာ

 

     ရေငတ်တုန်း ရေတွင်းပျက်ထဲကျတဲ့ ဇာတ်လမ်းတပုဒ်

တထောင့်တညပုံပြင်ထဲ ထည့်မယ်ဆိုရင်တောင်

စာမျက်နှာ အခက်အခဲ ရှိမယ်….

 

     နင်ထားခဲ့တဲ့ အနောက်အရပ်မှာ

နေ၀င်ချိန်ကိုစောင့်မျှော်နေတဲ့

သွေးရူးသွေးတန်းနဲ့ လူတယောက်

နောက်ဆုံးသော တမ်းချင်းကို ဖွဲ့သီနေချိန်ပေါ့…

 

     ဟိုးအဝေး ဘူတာအိုက ဥသြသံရှည်နဲ့

ပွဲသိမ်းခရာကိုမှုတ်တယ်

မကစားရသေးဘဲ အနီကဒ်ပြခံခဲ့ရတဲ့ပွဲမှာ

အနိုင်အရှုံးရလာဒ်ကရော

ဘာအသုံးဝင်တော့မှာမို့လို့လဲ…

 

     ပေးခဲ့တဲ့ မေတ္တာတရားအတွက်

တဖက်ညီမျှခြင်းက အနှုတ်နဲ့စတယ်

အိုင်းစတိုင်းမှားခဲ့သလား

ငါမှားခဲ့သလား

ဒါမှမဟုတ်

အဆိပ်သင့်ပန်းသီးတလုံး ကြွေကျခဲ့လို့များလား………..

 

 

 

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

ကျွန်တော် တကယ် တိုက်ဆိုင်မှုများစွာနှင့် နှစ်သက်လွန်းမိသော ကဗျာတပုဒ်

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment