Professional Authors

ချဉ်စုတ်စုတ်

မျက်လုံးတွေ  ဘောင်ခတ်ထားခံရတဲ့လူမို့
ဘယ်လိုအကြည့်မျိုးကိုမှ  မခံစားတတ်ဘူးးး

နှလုံးသားဆိုတာလည်း
သွေး မရ အောင် ရိုင်းတာမို့
ဘယ်ရင်ခုန်သံကိုမှနားမလည်ဘူးးး

အကြင်နာတရား
အဲ့ဒီ..ဟာကလည်း  မတ်တပ်စကတည်းက
တွေ့ဖူးသလိုလို  မတွေ့ဖူးသလိုလိုမို့
ဘယ်လိုနွေးထွေးမှုကိုမှ  မဖတ်တတ်ဘူးးးး

ဒါကြောင့်. ..
မင်းးးးးးးးးးးးးအတွက်အကောင်းဆုံးက
ငါ့ကို
မြင် ခဲ့ ရင် ရှောင်သွားပါ
တွေ့ ခဲ့ ရင် ပုန်းနေပါ
သ တိ ရ ရင် မျိုသိပ်၊
လွမ်း ရင် စောင်ခြုံအိပ်ပါ ။။။

                                      Ray
21th June ,2012
02:00

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

ရက်စက်လှချည်လားမောင်လေး…
..
ကဗျာလေး တော့ ကြိုက်နှစ်သက်တယ်…
မမိုးအားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Jun 21, 2012
Comment #2

ကဗျာလေးကိုနှစ်သက်တဲ့အတွက် ကျေးဇူးပါအစ်မတော်မိုးရေ
အားပေးသွားတဲ့အတွက်လည်း ကျေးဇူးပါဗျာ ~~
With respect,
RAY

commentinfo By: X - ray at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment