Professional Authors

ကြောက်တတ်သည်

ဖျက်ခနဲ့ လက်သွားတဲ့နောက်

…ဟာမီးပြန်လာပြီလားဆိုတော့

ကလေးငယ်က ထ ဖြေတယ်

မဟုတ်ဘူး မမ

မီး ပြန် ပြ တာတဲ့

အေးပေါ့လေ…ခဏပြလိုက် ပြန်ပျောက်လိုက်ဆိုတော့လည်း

………………………

တီ….တီ…တီ…အာဟွန်းမတီးရ နယ်မြေဆို

ဒါက ဘယ်လိုဖြစ်????

သူတို့  က လူကြီးမို့ တီးတယ်ဆို

ကျွန်တော်လည်း လူကြီးပဲ…

တီ…တီ…

.ရွီရွီ…

.၀ီစီမှုတ်သံ….

မရှိရှိက ..ပိုက်ဆံလေး..နဲ့ အခွန်ဆောင်ခ ပေးအပ်ခဲ့ရတယ်

သြော်…..လက်စသတ်တော့..

ငါ….

ကလေး တန်းပဲဝင်သေးတာကိုး

………………………….

ဝှီး…ရပ်….

စီးလို့လက်ပြတယ်…

ဆက်မသွားရတဲ့….

ဒီလောက်မီးစိမ်းနေတာ…

.ဒါက ဘယ်လို ဖြစ် ??? ဆိုတော့

ဘယ်ယာဉ်ဖြတ်ဖြတ် အသွားမပြတ်တဲ့

နွားလမ်းကြောင်းကြီး ရှိနေသတဲ့…………….

ကဲ..ရပ်

………………………………

ခေတ်မှီဖွံ့ဖြိုးပြောင်းလဲတိုးတက်…ဘာညာဆိုလား

သတင်းမှာ နေ့ စဉ်တွေ့ နေရ….

အဲဒါ…

အမှောင်ထဲက စာဖတ်ရတဲ့ညတွေများလာတာ မျိုးလား????

ဒါမှမဟုတ်…..

အလုပ်လက်မဲ့ပညာတတ်တွေပိုများလာတာမျိုးလား????

!@#$%^%*^&(!@$#%^&%&*

ြ@ိုးကိုင်နေဆဲလား????…တိတိကျကျအဖြေမရှိခြင်း..

တွေ…ပေါများလာတာမျိုးလား???

………………………………………

အမှန်ပြောရင်စောစောသေ

အမှားပြောရင် နေရာကောင်းရ

အာ…ဒါဘာဆောင်ပုဒ်လည်း

ကျွန်တော်မေးရင်းကျွန်တော်ဖြေ

သေသွားတဲ့ သူရဲကောင်းမျိုးနွယ်တွေကို

မသာပေါ်တယ်လို့ ခေါ်တယ်

ကို့ဂျီးတော်မှမဟုတ်ပဲ

ဟုတ်ကဲ့..မဆူပူရ

၅နှစ်နဲ့ ကိုးည…ဆိုလား

.ကိုးနှစ်နဲ့..ငါးည…ဆိုလား

မပြောရပါဘူး..ပေါ်လစီ တော်ကီတွေ

ဒါနဲ့

ခေတ်မှီ..ဖွံ့ဖြိုး…တိုးတက်….ဘတ်စကား…အဲလေ…

ဘာညာဘာညာ သာရကာ…ဒီနိုင်ငံအတွင်းမှာ

ကျွန်တော် ဒီကဗျာကို တကယ် မရေးရဲဘူးဆိုတာယုံ

 

(ကြောက်လား..ကြောက်လား..ကြောက်လား

ကြောက်တယ်..ကြောက်တယ်..ကြောက်တယ်.

ကြောက်လားကြောက်လား..ကြောက်ရဲ့လား

..အာ………………..ကြောက်ပါတယ်ဆိုနေမှ – သီချင်းပါအဟဲ)

In: ကဗျာ Posted By: Date: Jun 20, 2012
Comment #1

ဟူတ်ပါ့ ဟုတ်ပါ့။

commentinfo By: moezat at Jun 20, 2012
Comment #2

ဒီတစ်ခါတော့ အရယ်အရွှန်းနဲ့ ခပ်သောသော ဘ၀အမောတွေ ပြေစေခဲ့သလား မိုးရယ် (အဲ… ဆောရီးနော်…. ရှေ့က အသည်းကွဲ …. ဆိုတာကျန်ခဲ့လို့ )

ခင်တဲ့
မိုးလူ

commentinfo By: Moe Thit at Jun 20, 2012
Comment #3

lol,,
really nice,,ma moe,
a yan mike de,,
tate daw de ma moe,,
bar yae yae a kone khike de,
😛

commentinfo By: ei lay at Jun 20, 2012
Comment #4

မိုက်လား. . .မိုက်လား. . .ဆိုတဲ့သီချင်းဘဲကြားဖူးတယ် ကြောက်လား. . .ကြောက်လား. . .ဆိုတဲ့သီချင်းတော့မကြားဖူးဘူး အစ်မတော်ရေ
ဒီကဗျာကတော့ အစ်မတော်သိပ်မရေးဖူးတဲ့အရေးအသားပုံစံမျိုးလေးနော်
ဖတ်သွားတယ် အစ်မတော်ရေ
ရှေ့တစ်ပုဒ်မှာမန့်ထားတာလေးကိုလည်း အစ်မတော်အချိန်ရရင်ဖတ်ပေးပါဦး ~~~

With respect,
RAY

commentinfo By: X - ray at Jun 21, 2012
Comment #5

ဟုတ်ကျွန်တော့်ကိုအမြဲအားပေးကြတဲ့ ကျွန်တော်တန်ဖိုးထားရသော
မောင်နှမများ အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
..
မောင်လေး X-Ray comment လေးကိုလည်း အမ သေချာဖတ်ထားပါတယ်လို့ 

commentinfo By: အသဲကွဲမိုး at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment