Professional Authors

၁၀၉/၁၁၀

ဝေလေလေ ခေါင်းလောင်း
အသံထွက်မြည်အောင်
ရိုက်နှက်ဖို့….
တူ မရှိသေးဘူး။

အလုပ်လက်မဲ့ဆိုတာ
တစ်နေ့စာ ထမင်းတစ်နပ်
ကျပျောက်သွားသလိုပဲ
ကျပျောက်တဲ့နေ့တွေ ထပ်တလဲလဲ ဆိုရင်တော့
တန်ဖိုးက ငရဲပဲ။

ဘေးနားမှာ အိပ်ပျော်နေသူအတွက်
အိပ်မက်လှလှ ရှိချင်ရှိနိုင်တယ်။
မနက်ဖြန်ဆိုတာကို တွေးကြောက်ရွံသူအဖို့
ညတွေကို သတ်ပစ်နေသူလို
မအိပ်ဘဲ နေတာပိုကောင်းမယ်။

ဖြေသိမ့်စရာတစ်ခုက
သူတောင်းစားမှာတောင်
တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။

In: ကဗျာ Posted By: Date: Jun 18, 2012
Comment #1

mike de.

commentinfo By: ei lay at Jun 18, 2012
Comment #2

ကျွန်တော်အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment