Professional Authors

မင်းအတွက် – ၂

………………………………

ဒဏ်ရာတွေနဲ့လူပါ

နာကျင်စေလိုခဲ့ရင်

ဒီရင်အတွက် အပြုံးကိုဖျက် အမုန်းတွေဆက်

(နင့်အတွက်ဆို)

ငါက..သေဖို့ သိပ်လွယ်နေတဲ့သူ။

 

 

နင်သယ်ဆောင်လာတဲ့ ငါ့အနာဂတ်

အလင်းဆက်ဖို့

နှစ်သန်းနဲ့ရာချီပါစေ အပြေးလှမ်းလို့

ဖြတ်ကျော်လာမယ့်သူ

(နင့်ကို ) ငါချစ်တယ် ဆိုတာ ယုံ။

 

 

ပုံအပ်ထားတာ ပစ္စုပ္ပန်တခုစာမက

တသံသရာစာပါဝင်နေလို့

(အချစ်ရယ်)

ကျေးဇူးပြု၍

 

အပြစ်မှန်သမျှ နင်းချန်ကာထား

ငါ့ကို

ပြစ်ခွာသွားဖို့ မတွေးလိုက်ပါနဲ့။

 

 

နင်ထားသွားမယ်

ဆိုခဲ့ရင်

ငါအမှားပေါင်းရာထောင်ချီ များမှာမို့

အသည်းနှလုံးတင်မက အနာဂတ်နှင့်တကွ

နှင်းအပ်ထားတဲ့ ငါမေတ္တာ ကို တပါတည်း

ယူဆောင်လို့ သတ်ဖြတ်သွားပါ။

 

 

ဘ၀ပေါင်းများစွာ စတေးရင်းချစ်နေမယ့်သူ

နင်ရက်စက်တယ်လို့ခေါင်းစဉ် ဘယ်အခါမျှ မတပ်ဝံ့သူ

 

တကယ်ဆို

 

နင်ဟာ ငါ့ရဲ့ တခုတည်းသော ဘုရားကပေးတဲ့ဆုလာဒ်လေးပါ

 

(ကဗျာအဟောင်းလေးပါ ရေးထားတာကြာပြီ မတင်ဖြစ်သေးလို့ပါခင်ဗျာ)

In: ကဗျာ Posted By: Date: Jun 18, 2012
Comment #1

so touching to me,
nin ka ngar a twat su lak lay par,,
nin bar phyit phyit a pyit ma myin be 1 tet lone chit nay hmar,
😛

commentinfo By: ei lay at Jun 18, 2012
Comment #2

တကယ်ဆို

နင်ဟာ ငါ့ရဲ့ တခုတည်းသော ဘုရားကပေးတဲ့ဆုလာဒ်လေးပါ………………………

🙂

commentinfo By: လမင်းဇော် at Jun 18, 2012
Comment #3

ဘ၀ပေါင်းများစွာ စတေးရင်းချစ်နေမယ့်သူ

နင်ရက်စက်တယ်လို့ခေါင်းစဉ် ဘယ်အခါမျှ မတပ်ဝံ့သူ
မမိုး…ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Jun 19, 2012
Comment #4

အစ်မတော်မိုးရဲ့လက်တွေကတော့ ဖြောင့်တုန်းဘဲဗျနော်
ဖတ်သွားတယ် အစ်မတော်ရေ ~~

commentinfo By: X - ray at Jun 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment