Professional Authors

ခရမ်းပြာတမ်းချင်း‎

လိပ်ပြာသခင်ရယ်၊‎
စိတ်မှာအစဉ်မယုံချင်တတ်လဲ၊‎
အိပ်ရာဝင်ပုံပြင်အမှတ်နဲ့၊‎
အကုန်အစင်ဖတ်ပါ။‎

ငယ်စာရင်းမှာ မဝင်ပါဘူး၊‎
သူငယ်ချင်းပါ အစဉ်ပြောပေမယ့်၊‎
ရင်မောစွာ တိတ်တခိုးနဲ့၊‎
ကြိတ်ပျိုးမိတဲ့ အကြင်နာကို၊‎
တမင်တကာ ရင်မှာသိမ်းပါလို့၊‎
ထိန်းလာရ အနေခက်လေတဲ့၊‎
နွေရက်တွေကြာ။‎

အမှန်ပြောရင်ကွယ်၊‎
သံယောဇဉ်တွယ်လာလေတော့၊‎
နွယ်ပမာလိုရစ်ပတ်ထားတဲ့၊‎
အချစ်နတ်ဘုရားရဲ့စေရာကျွန်ပမာ၊‎
အသစ်ထပ်ပွားတဲ့ဝေဒနာနွံမှာ၊‎
ကျွံလာလေ အရုန်းခက်၊‎
မမုန်းရက်တဲ့ အတွယ်အတာ၊‎
‎ကြွယ်ကာဆင့်ပွား။‎

ရင်ထဲမှာ ဆယ်နေထွက်သလိုပေါ့၊‎
ရှင်ကွဲဟာ တကယ်အနေခက်ပါရဲ့၊‎
ရေထက်က လမင်းပုံလို၊‎
ဘဝချင်းမဆုံ လွမ်းဗျာကြွယ်လို့၊‎
တမ်းကာရယ် မပြည့်တဲ့ခဏမှာ၊‎
နှုတ်ခမ်းလွှာရယ် သွေ့ခဲ့ရစဉ်၊
နေ့နဲ့ညအစဉ် ပြောင်းသွားလေသမျှ၊‎
မမေ့တဲ့ဘဝတွင် နှောင်းသွားပြီမို့၊‎
‎(ခရမ်းပြာရယ် … )‎
မတွေ့ခဲ့ကြရင်အကောင်းသား။ ။‎

ဟယ်ရီ

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

ကြိုက်တယ်ဗျာ
ကူးထားလိုက်ပြီနော်..
ရတယ်ဟုတ်?

commentinfo By: Second Two at May 29, 2010
Comment #2

ဟုတ်ကဲ့ … ကြိုက်ရင်ကူးထားလို့ရပါတယ် ခင်ဗျာ … ကျေးဇူးတင်ပါတယ်
ပြန်လည်ဖော်ပြမယ်ဆိုရင်သာ ကျနော့် နာမည်လေး ထည့်ပေးပါနော် …

commentinfo By: harry at May 29, 2010
Comment #3

အပေါ်နှစ်ပိုဒ်ကို ပိုကြိုက်တယ် စကားတွေက ရိုးရိုးလေးနဲ့လှတယ်…..

commentinfo By: ဖူးမေ at Jun 1, 2010
Comment #4

ဟင်းးးးးးးးးးးးးး
မောလိုက်တာ ။
အကုန်အစင်ဖတ်ဆိုလို့ အားပေးလိုက်တာ …………
နောက်ကြုံရင် ရေတိုက်ရမယ်။

commentinfo By: yatu at Jun 1, 2010
Comment #5

ကျေးဇူးပါ ဖူးမေ နဲ့ ရတု ရေ …
ရေလည်းတိုက်ပါ့မယ် … တခြား သောက်ချင်တာရှိရင်လည်း တိုက်ပါ့မယ် … 😀

commentinfo By: harry at Jun 1, 2010
Comment #6

pc မှာ တမ်းချင်းတွေ တော်တော်တွေ့ရတယ်နော်.. ငုဝါတမ်းချင်း ၊ နှင်းဆီတမ်းချင်း ၊ angel တမ်းချင်း ၊ ခရမ်းပြာတမ်းချင်း။ ။ ဖြိုးလည်း အားကျမခံ ဘာတမ်းချင်းလုပ်ရပါ့.. (:
ဒါနဲ့ စကားမစပ်(ပြောချင်လို့ကို တမင်စပ်လိုက်တာ :P)ကဗျာလေး ကောင်း၏။ clapping*********777777777777777…

commentinfo By: melodyphyO at Jun 2, 2010
Comment #7

ဟုတ်ပါ့ … ဖြိုး ပြောမှပဲ သတိထားမိတော့တယ် … အားကျမခံရေးချင်ရင် ကဗျာရွာတမ်းချင်း ဆိုပြီး ရေးလိုက်ပေါ့ … ဒါမှ မဟုတ် ဒီက တမ်းချင်းတွေ အားလုံးပါအောင် ငုအိန်ဂျယ်ဝါခရမ်းပြာနှင်းဆီတမ်းချင်းများ ဆိုပြီး အဲဒီ တမ်းချင်းတွေထဲက အမြီးနှုတ်ခေါင်းနှုတ် ဖြတ်ညှပ်ကပ် လုပ်ပြီး ရေးလိုက် … 😛
ချီးကျူးအားပေးတဲ့အတွက် ကျေးဇူး …

commentinfo By: harry at Jun 2, 2010
Comment #8

အဟက် အဟက် ကိုဟယ်ရီကြီး
ဖြိုးမှာလည်း တမ်းချင်းရှိပြီ 😛
မေ့ရင်ခွင်တမ်းချင်း ဆိုပြီးတော့.. အဲဒါ လမ်းကြုံပြီး အားရင် ကဗျာဖတ်ကြွပါလို့ လာဖိတ်တာာာာာာ..
ပါရမီရှင်တွေလိုတော့ ကောင်းဘူးပေါ့ကွယ်…
(:

commentinfo By: ဖြိုးဖြိုး at Jun 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment