Professional Authors

လေလွှင့်နေသူ

မရေရာတဲ့နေ့တစ်နေ့ကို
မပျော်မွေ့တဲ့ အချိန်များနဲ့
ခြောက်ခန်းမသွားစေချင်…
ကော်ဖီတစ်ခွက်နဲ့
သက်ပြင်းအခါခါချ
ကုန်ဆုံးသွားတဲ့ကာလတွေကို
နှမြောမိတယ်…..
မရေရာတဲ့ ခြေလှမ်းတွေက
ကမ္ဘာမြေကို နမ်းရှိုက်ရင်း
တွယ်ရာမဲ့တဲ့ဘ၀တွေမို့
ဘယ်ဆီဘယ်ဝယ်ထိ
လေလွင့်နေမယ်ဆိုတာ
ငါ့ကို ငါ မသိသေးပါတကား….။

ရေးသားသူ -မနောဖြူလေး

In: ကဗျာ Posted By: Date: Jun 5, 2012
Comment #1

nice

commentinfo By: ei lay at Jun 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment