Professional Authors

ပစ္စုပ္ပန်..နဲ့..ဖြစ်ပျက်.

လက်တွေ့ဆူးကြမ်းနဲ့

အသင့်စားသုံးနိုင်သောလူ့မလိုင်များ

စီးကရက်တိုများ..

စကားချိုချိုနဲ့သံလိုက်စက်ကွင်းများ..

စကတ်တိုလာသောမီနီမားကတ်များ.

ပလုတ်ပလောင်းဖားအော်သံများ

အလန့်တကြားရယ်ကြ..

ကြေးစားသံများ..မာကျူရီညများ..

နေရာရှားပါးမှုများ..

ပျားအုံများ..ပိုက်လိုင်းများ..

ဆောင်းတွင်းအိပ်မက်အကြွင်းအကျန်များ..

တစ်ဝက်တစ်ပျက်မျက်ရည်များနဲ့ကခုန်ခြင်းများ

တွေ့ဆုံခွဲခွာခြင်းများ..

သယ်ယူသွားသော..အာဃာတများ..

ကြွင်းကျန်ရစ်သောရုပ်ကလာပ်များ..

မလုံမလဲလိပ်ပြာများ..တုန်ရင်နေသောလက်များ..

ခါးကုန်းနေသော..တောင်းဆိုသံများ..

အနှစ်သုံးဆယ်များ..

အနှစ်လေးဆယ်များ..

ဆယ့်ခြောက်နှစ်များ..

လမ်းလျှောက်နေသော စာခြောက်ရုပ်များ

အသက်ရှူနေသောအိပ်မက်ဆိုးများ..

တောင်းဆိုချက်များ…သွေးပွက်များ..

သွေးလန့်နေသော ဒေါင်းမီးနေသည်များ.

ဝတ်ရုံများ..ဓားချက်များ…

လမ်းလျှောက်ထွက်သွားသော မျဉ်းများ..

မျက်နှာဖုံးဒရွတ်တိုက်နဲ့သူငယ်ချင်းများ..

တွဲလက်များ..ခွဲလက်များ..

လက်ဆုပ်လက်ကိုင်ပြထားသောဒဏ်ရာအနာတရများ..

ကခြေသည်တွေရေးတဲ့ လွတ်လပ်ရေး

စက္ကူစုတ်ကိုလုံးခြေလွှင့်ပစ်ပြီး…..

ငါ …အသက်ပြင်းပြင်းရှူမိတယ်…

 

 

ခေးလ

၅.၈.၂၀၁၁ (သောကြာနေ့)

In: ကဗျာ Posted By: Date: May 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment