Professional Authors

ရုပ်သေးရုပ်

မေးခွန်းတွေ ငါ့ကိုမမေးပါနဲ့

ငါက နှလုံးသားရေးရာ ဘာသာရပ်နဲ့ပက်သက်ရင်

ဘယ်တုန်းကမှ ဘဲဥမကွဲခဲ့ဖူးဘူး

အသည်းကတော့ ခဏခဏ ကွဲတယ်  . . .

 

ပျော်ရွှင်ခြင်းအဆုံးမရှိတဲ့

မျှော်လင့်ချက်တွေလည်း

ငါ့ကို လာမပေးပါနဲ့

အဓိပ္ပါယ်မဲ့တဲ့ အသက်တာနဲ့

ငါ့ မျက်လုံးတွေကို ဇွတ်မဖွင့်ချင်ဘူး . . .

 

နင်က လှည့်စားခဲ့တာလား

ငါကိုယ်တိုင်က ရူးသွပ်ခဲ့တာလား . . .

ဝေခွဲမရတဲ့ ပုစ္ဆာတွေနဲ့ပဲ

နေ့ရက်တွေက  ကြိုးရှုပ်နေခဲ့တယ် . . .

 

 

သိုးမည်း(UCSM)

20.Apr.2012  11:40 PM

In: ကဗျာ Posted By: Date: May 7, 2012
Comment #1

khan sar r pay twar par d.

commentinfo By: ei lay at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment