Professional Authors

ရထားဟာ ဘူတာကို မ၀င်ဘူး

ရေတမာတွေက စရမလား။

နန်းရှေ့က စရမလား။

ဗန်းမော်တိုက်လမ်းက စရမလား။

အခု စာလုံးပေါင်းသတ်ပုံကျမ်းကိုင်ထားတယ်။

လမ်းပြောင်းပြန်မောင်းမိလွန်းလို့..။

ထမင်းစားမှန်တယ်

တီရှပ်ဝတ်တယ်

ဆိုင်ကယ်ရေမဆေးဘူး

ခေါင်းနည်းနည်းကုတ်တယ်

တစ်ခြမ်းကြေ၊တစ်ခြမ်းပြန့် ပန်းပွင့်တွေပါတဲ့

သီးသန့်အိပ်ရာခင်းလေး

အိမ်ရှေ့မှာ လေလွင့်သွား………။

ငါ့ဂစ်တာကီးတွေကို

တစ်တန်းတည်းဖြစ်အောင်လှည့်ထားပြီး

သပ်သပ်ရပ်ရပ် လုပ်ပေးထားတာလို့ဆိုတော့

ညက ရေးတဲ့သီချင်းလေး ပြန်မျိုချဖူးတယ်။

သိင်္ဂါရ နဲ့ သင်္ခါရ ကွဲကွဲပြားပြားမသိတဲ့မင်းဟာ

အာကာသကြီးအကြောင်း စိတ်လိုလက်ရ မေးတတ်ရဲ့..။

ခေါင်းအုံးနှစ်လုံးထပ်ထားတာ ဇက်နည်းနည်းနာတယ်။

ဘာလောင်စာထည့်ထည့် ခရီးမတွင်တဲ့ ကမ္ဘာမှာ

တစ်ရက်လောက်မှ

ကိုယ့်ဘက်ကိုယ် မယက်တဲ့ လိပ်ကလေးတစ်ကောင်

မင်းကို လက်ဆောင်ပေးဦးမယ်။

ရာသီဥတုအသစ်မှာ ထုသားပေသားမကျတဲ့အခါ

ပြောင်းပြန်ယက်တဲ့ လိပ်ကလေးကြည့်ပြီး

ပြုံးချင်ပြုံး ၊ မဲ့ချင်မဲ့ ၊

တွေးချင်တွေး ၊ ငေးချင်ငေး ၊

နိုင်ငံရေး ပြောင်းလဲနေပြီ လို့တော့ ပြောတာပဲ…။

ဖတ်ပြီးရင် ပြီးသွားမဲ့ အရာ

ဥာဏ်မီသလောက်ပဲ လမ်းလျှောက်ပါ။

သံသရာမှာ ခလုတ်တိုက်ရင်

ဘယ်တော့မှ ပြန်မထနိုင်ဘူး……….။

 ——————————————–ဟိန်း(26.4.12)—

In: ကဗျာ Posted By: Date: May 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment