ဧည့်စိမ်းတို့ရဲ့ည-ရွှေကြယ်မိုး
 /* Style Definitions */
 table.MsoNormalTable
	{mso-style-name:”Table Normal”;
	mso-tstyle-rowband-size:0;
	mso-tstyle-colband-size:0;
	mso-style-noshow:yes;
	mso-style-priority:99;
	mso-style-qformat:yes;
	mso-style-parent:””;
	mso-padding-alt:0in 5.4pt 0in 5.4pt;
	mso-para-margin-top:0in;
	mso-para-margin-right:0in;
	mso-para-margin-bottom:10.0pt;
	mso-para-margin-left:0in;
	line-height:115%;
	mso-pagination:widow-orphan;
	font-size:11.0pt;
	font-family:”Calibri”,”sans-serif”;
	mso-ascii-font-family:Calibri;
	mso-ascii-theme-font:minor-latin;
	mso-fareast-font-family:”Times New Roman”;
	mso-fareast-theme-font:minor-fareast;
	mso-hansi-font-family:Calibri;
	mso-hansi-theme-font:minor-latin;}
ကဲ…အိမ်ကလေးကား လင်းထင်းသွားပြီ
ကျွန်တော်နှင့် အတူ မျောလွင့်ဖို့ အလင်းဓါတ်တို့
အဖော်အဖြစ်ရောက်ရှိလာခဲ့ကြ…
ထိန်ထိန်လင်းနေသော အလင်းတို့အောက်၌ပင်
အတွေးတို့အား အမှောင်ချထားလိုက်ရင်း
အလွမ်းတို့ဖြင့်သာ မွေ့လျော်နေလေ၏…
အိုးးးးးးးးး….ငါ့ရဲ့ ရွက်ဝါ
ငါမှားသွားပါသလား…
ချစ်မိခဲ့သဖြင့် ရတက်မအေးဖြစ်ရ၏…
ထို့အတွက် ပူဆွေးရပြန်၏…
ငါ…မှားသွားခဲ့ပါသလား…
ချစ်မိသူလောက် မည်သူမျှ လူမိုက်မမည်…
ငါသည် လူမိုက်မည်၏…
ညသည် အလင်းတို့ရှိသော်လည်း
ကောင်းစွာလင်းခွင့်မရ…
မီးအားမြှင့်စက်ကား ဂိတ်ဆုံးနေပြီ…
ငါ့အိမ်ကလေး လင်းထင်းနေ၍
ငါ အလင်းထဲ၌ ရှိနေသော်လည်း
အိမ်ဝန်းကျင်တွင် အမှောင်တို့ဝန်းရံနေကြ…
နင့်သည်းလှသော အလွမ်းများ
ရင့်သီးလှသော မျက်ရည်များကြားမှာပင်
နှလုံးအိမ်သည် အရှုံးမပေး…
သူ့အား အခါခါ တမ်းတနေ၏…
သူ ကမ်းပေးနေကျ စီးကရက်တို့အား ဆာလောင်နေ၏…
ထိုသို့အလွမ်းများဖြင့် ဖြေမဆည်နိုင်အောင်ဖြစ်နေသော အချိန်
အိမ်ရှေ့၌ ဆိုင်ကယ်များ တဝေါဝေါ ထိုးဆိုက်လာ…ခဲ့
ဘယ်လို နတ်ဆိုးတွေပါလိမ့်….ရွက်ဝါလေးရယ်…
ဆိုင်ကယ်ပေါ်မှ ဧည့်စိမ်းများ ကျွန်တော့်အိမ်ပေါ်သို့
ခွင့်မတောင်းပဲတက်လာ…ရင့်သီးသောအသံတို့ဖြင့်
ကျွန်တော့်အားလိုက်ခဲ့ရန် အတင်းအကြပ်ခေါ်၏…
ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ…
လူစိမ်းတို့ကမဖြေ…ကျွန်တော့်လက်ကောက်ဝတ်တို့အားပူးချည်
ကျွန်တော် မလိုက်ချင်ပါပဲ…လိုက်ပါသွားခဲ့ရ… နောက်ဆုံးတော့
အေးစက်မှောင်မိုက်သော အခန်းတွင်းသို့ တွန်းထည့်လိုက်ကြ
‘ဂျိမ်း’ခနဲမည်အောင် သံတံခါးအား ဆွဲပိတ်လိုက်ကြ…
အမှန်တရား…လူထုသစ္စာ…ဒီမိုကရေစီ
ထိုသို့ရေရွတ်လိုက်စဉ် သံတခါးဆွဲဖွင့်သံနှင့်အတူ
ပြင်းထန်လှသော ထိုးကြိတ်ခြင်းများရောက်လာ…
ကျွန်တော့် ကမ္ဘာသည် အမှောင်စုန်းစုန်းသို့ နစ်မြုပ်သွား…
နိုးထလာတော့ ခြေထောက်ဟာ လေးလံ…
လှုပ်ယမ်းလိုက်တိုင်း တချွှင်ချွှင်မြည်လို့…
အိုးးးးး…..ရွက်ဝါ…
ငါသည် အဝေးတစ်နေရာသို့ သွားရတော့အံ့…
ငါတို့၏ မပြီးဆုံးသေးသော တိုက်ပွဲကြီးအတွက်
ငါကား ရွက်ထောင်၍ လွှင့်ခဲ့ပြီ…
ငါသည် နင့်အား ပြေပြစ်သာယာစွာပင် ချစ်ခဲ့ပါ၏…
ရွှေကြယ်မိုး

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
mike de kwar,,he,,he,,
ngar d nin arr pyay pyit tar yar swar pe chit ke par ei.
ei lay le a tu u ong hma pe,,a hote,