Professional Authors

အလင်းနဲ့အမှောင်

ငါလမ်းလျှောက်နေတယ်
ငါအမှောင်ထဲမှာ လမ်းလျှောက်နေတယ်
အမှောင်ထုကိုဆုပ်ကိုင်ရင်း
အမှောင်ထဲမှာလမ်းလျှောက်နေတယ်

အချိန်နဲနဲကြာသွားခဲ့တဲ့နောက်
ငါအလင်းတစ်ချို့ကိုတွေ့လိုက်တယ်

” ဟိုမှာတွေ့လား……….
အဲဒါ ‘အလင်းရောင်’ လို့ခေါ်တယ်”၊
ငါပြန်ကြည့်လိုက်တော့
ငါ့လက်ထဲမှာ အမှောင်ထုမရှိတော့ဘူး၊

ငါသိပ်ဝမ်းနည်းမိတယ်…….
ငါတိုးတိုးလေး ဆုတောင်းမိတယ်…….
” ‘ အလင်းရောင်’ ဆိုတာကို ‘အမှောင်’ သိပါစေ……။ ။

In: ကဗျာ Posted By: Date: May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment