Professional Authors

နွေ

နွေ….
လေအဝေ့မှာ အလွမ်းတစ်အုပ် ကြွေဆင်းသွားတယ်.
ဒီမျက်ရည်မိုးတွေကြောင့်
အ၀ါရောင်ပိတောက်တွေလဲ ပွင့်လို့နေပြီ နွေ..။

နွေ..
ခြောက်သွေ့လွန်းတဲံ ဒီရာသီနဲ့
ငါ့နှလုံးသားပက်ကြားအက်တွေကြား
ကျပျောက်သွားတဲံ တစ်စုံတရာကို ရှာဖွေရင်း..
ရှာဖွေရင်း….
ဒီမိုးသည်းလဲ.. မအေးနိုင်ပါဘူး နွေရယ်..။

နွေ..
ပြင်းပြင်းထန်ထန် လောင်မြိုက်လိုက်ပါ..
လောကဓါတ်တစ်ခုလုံး ခြောက်သွေ့သွားအောင်
နင်စွမ်းနိုင်ပါတယ် နွေ…

တစ်ခုပဲ နွေ….
အချိန်တစ်ခု ကုန်လွန်သွားရင်
အချိန်တစ်ခုကို လွန်မြောက်သွားရင်သာ
တစ်ကျော့ပြန် အလည်မလာနိုင်အောင်
ဒီရာသီစက်ဝန်းထဲက ထွက်ခွာသွားပါ နွေ။

Lyrics
13.4.2012
8:10 PM

In: ကဗျာ Posted By: Date: Apr 13, 2012
Comment #1

:)))))) super like !!!!

commentinfo By: zinmin at Apr 14, 2012
Comment #2

thz xo much

commentinfo By: FotiaPrincezz at Apr 14, 2012
Comment #3

ှနွေ ကိုပီပြင်စွာသရူပ်ဖော်လိုက်တာပဲ………

commentinfo By: May Kha at Apr 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment