Professional Authors

အိပ်မက်တို့ ရဲ့ နှစ်ပတ်လည်

အိပ်မက်အသေတွေကို
နေ့ညစဉ်ဆက်မက်ရင်း
ညတွေကုန်ဆုံးသွားမှာ
စိုးထိပ်မိပါရဲ့ ….။

စက္ကန့်တွေကိုစားပြီးမိနစ်ဖြစ်
မိနစ်တွေပေါင်းပြီးနာရီတွေကိုဖြတ်သန်း
အချိန်ဆိုတာကြီးကိုအမှီပြုလို့ 
နေ့တွေညတွေပြောင်းလဲလာလိုက်တာ
သုံးနှစ်တောင်အိပ်မက်မက်ခဲ့ပါပေါ့လား…

ဘာ…
နောင်တလား???
ဟင့်အင်း မမေးပါနဲ့ …
ငါဆိုတဲ့ ငါက
အိပ်မက်တွေအသက်သွင်းခွင့်မရှိရင်တောင်
ငါ့ကမ္ဘာကြီးရပ်တန့် သွားတဲ့ အချိန်ထိ
အဲဒီအိပ်မက်ထဲမှာပဲ…
မနိုးတမ်းရှင်သန်ချင်တဲ့ကောင်…

အရိုးသားဆုံးဝန်ခံရရင်
ပေးဆပ်ခြင်းသက်သက်အချစ်ဆိုတာ
ဝေါဟာရတစ်ခုအနေနဲ့ ပဲရှိခဲ့တာ…

မမျှော်လင့်ဘူးလို့ အသည်းအသန်ငြင်း
ပေးဆပ်ရရင်ကျေနပ်တယ်ဆိုကတည်းက
ပိုင်ဆိုင်ထားခြင်းတစ်မျိုးပဲမဟုတ်လား???

ငါလည်းးးးးးးးးးးးးး
အဲဒီပေးဆပ်ခြင်းသက်သက်ကိုပဲ
ရယူထားခဲ့တာ….

ဒါကြောင့်…
မတရားဘူးလို့ အော်ဟစ်မနေပါနဲ့ 
မထိုက်တန်ဘူးလို့ ခေါင်းရမ်းမနေပါနဲ့ 
မင်းကိုယ်မင်းအပြစ်တင်နေမဲ့ အစား
ကျေနပ်ပြုံးတစ်ပွင့် မင်းနှုတ်ခမ်းကခြွေချပေးပါ…

အဲဒီအပြုံးတစ်ပွင့်နဲ့ တင်
အခွင့်ရှိသမျှသံတရာတစ်လျှောက်လုံး
မဆုံးတဲ့ အိပ်မက်ဆက်မက်ပစ်လိုက်မယ်…

ကောင်မလေးရယ်…
ငါ့နှလုံးသွေးနဲ့  သစ္စာပြုပါရဲ့ …

တကယ်လို့ 
အိပ်မက်ကလန့်နိုးခဲ့ ရင်တောင်
အဲဒီနေ့ က
ငါတို့ ရဲ့ ချစ်နှစ်ပတ်လည်သာဖြစ်ပါရစေတော့
သံတရာတစ်ပတ်သာပြန်လည်ပါစေတော့ကွာ…

ငါပိုင်ဆိုင်ထားတဲ့
ပေးဆပ်ခြင်းသက်သက်ချစ်ခြင်းတွေနဲ့ ပေါ့… … …။     ။

2း05  PM
8.4.2012(sun)
ကြယ်ရောင်လင်း

In: ကဗျာ Posted By: Date: Apr 9, 2012
Comment #1

wow,,,
both title & poem r lovely match,

commentinfo By: ei lay at Apr 10, 2012
Comment #2

အရိုးသားဆုံးဝန်ခံရရင်
ပေးဆပ်ခြင်းသက်သက်အချစ်ဆိုတာ
ဝေါဟာရတစ်ခုအနေနဲ့ ပဲရှိခဲ့တာ…

မမျှော်လင့်ဘူးလို့ အသည်းအသန်ငြင်း
ပေးဆပ်ရရင်ကျေနပ်တယ်ဆိုကတည်းက
ပိုင်ဆိုင်ထားခြင်းတစ်မျိုးပဲမဟုတ်လား

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #3

ဘာ…
နောင်တလား???
ဟင့်အင်း မမေးပါနဲ့ …
ငါဆိုတဲ့ ငါက
အိပ်မက်တွေအသက်သွင်းခွင့်မရှိရင်တောင်
ငါ့ကမ္ဘာကြီးရပ်တန့် သွားတဲ့ အချိန်ထိ
အဲဒီအိပ်မက်ထဲမှာပဲ…
မနိုးတမ်းရှင်သန်ချင်တဲ့ကော

commentinfo By: May Kha at Apr 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment