Professional Authors

“နာမည်မရှိ”

“ကျွန်တော်က
လက်ရှခဲ့သူတွေရဲ့ တရားခံပေါ့”
လက်အငြိမ်မနေတဲ့ တရားလိုနဲ့
အတ္တဆိုတဲ့ တရားသူကြီးရှေ့မှာ
မောင် “ဓါးသွား” က…
သက်ပြင်းအရှည်ကြီးချရင်းပြောတယ် ။

သော့ဂလောက်မလေးက
အိမ်ရှေ့တံခါးမကြီးမှာ တာဝန်ကျနေတယ်
သူ့အဖေက နေရာတစ်ခါဆရာမကြီးမလုပ်ဖို့
(Master lock = သော့ပျက်)
အတန်တန်မှာလိုက်တယ် ။

“အသိစိတ်” ဆိုတဲ့အကိုက
သူ့ညီ “မသိစိတ်” ကိုအနိုင်ကျင့်တယ်
ဒါပေမဲ့ ညီလုပ်သူက ပြုံးပြုံးလေးပါပဲ
သူတို့အတူတူအရက်သောက်တဲ့အချိန်တိုင်းမှာ
အဲ့ဒီအပြုံးက ပိုတောက်ပလာလေ့ရှိတယ် ။

In: ကဗျာ Posted By: Date: Apr 6, 2012
Comment #1

ကျွန်တော်ဖတ်သွားတယ်……….
အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #2

ကျေးဇူးတင် ပါတယ်ခင်ဗျာ 🙂

commentinfo By: SARKO at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment