Professional Authors

အရုပ်ကလေးရဲ့  အတ္ထုပ္ပတိ

တန်ဖိုးတော့ မရှိပါဘူး…
ဂုဏ်မရှိငွေမရှိ
ရာထူးအာဏာမရှိ
မရှိတာတွေပဲသူ့ မှာရှိတယ်…

သူ့ စိတ်ကတော့ 
တစ်စုံတစ်ယောက်အတွက်
နှုတ်ဆိတ်ရင်း
အဖြည့် ခံအဖြစ်ရပ်တည်
သာတယ်နာတယ်ဆိုတာမရှိ
ဒါလဲမရှိခြင်းတစ်မျိုးပဲလေ……

ဘာမှမရှိပါဘူး

ဘာမှလည်းမပြောတက်ဘူး…
ဒါပေမဲ့  သူသိတယ်
အရုပ်ဆိုတာကစားဖို့ သက်သက်
သူ့ ဘ၀သူနားလည်ပါတယ်တဲ့ …

သူ့ ကြောင့်စိတ်ကျေနပ်သွားရင်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါစေ
ကျေနပ်စွာအမှိုက်ဖြစ်ခံမတဲ့ လေ…

သူ့ မှာလဲ ဆန္ဒတွေတော့ ရှိတာပေါ့…
သူ့ ဆန္ဒတွေကြောင့်
ပိုင်ရှင်လေးစိတ်ပျက်သွားမလား…
တွေးရင်းတွေးရင်း
သူဆွံအခဲ့ ရတာပါ…

ဘယ်သူကမှသူ့ ကြောင့်
မငိုကြွေးတက်တာကိုပဲ
ကျေးဇူးအထူးတင်ရင်း
အပြုံးတွေကိုမွေးဖွား…
သူတာဝန်ကျေပါတယ်တဲ့ …

မင်းတော့ မသိဘူးအရုပ်ကလေးရေ…
အချစ်ကြောင့်အရုပ်ဖြစ်ခဲ့ တဲ့ ငါ
ဒဏ်ရာတွေကိုသာထွေးပိုက်
မျက်ရည်နဲ့ ခရီးဆက်ရင်း
သူထားခဲ့ တဲ့ နေရာဟောင်းမှာ
အပြုံးစစ်ဆိုတာမရှိတော့ ပါဘူးကွာ… … …။ ။

1း00 (PM)
30.3.2010
ကြယ်ရောင်လင်း

In: ကဗျာ Posted By: Date: Apr 5, 2012
Comment #1

oh,,,,,,,,,
really want to cry..
i feel so much sorry.

commentinfo By: ei lay at Apr 5, 2012
Comment #2

မရှိတာတွေပဲသူ့ မှာရှိတယ်…

commentinfo By: ကံ့ကော်မောင် at Apr 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment