Professional Authors

အဖြည့်ခံ

အနိုင်လိုသူမင်းအတွက်

ခေါင်းငုံလို့အရှုံးပေးပါရစေ…

သူပျော်ရင် ရင်မှာကြည်နူး

ရူးမတတ်ဝမ်းသာသူပါ။

ချစ်သူရယ်…

ချစ်တာသိဖို့မလိုပါဘူး

ချစ်နေဖို့ပဲလိုတာပါ…။

ပတ်ဝန်းကျင်ထင်းလင်းဖို့

ကိုယ်တိုင်လောင်ကျွမ်း

ဖယောင်းတိုင်လေးလိုပေါ့

ငါ မင်းရဲ့ လိုအင်တွေအတွက်

ကိုယ်တိုင်လောင်ကျွမ်းနေပါစေ

ပျော်ရွင်စွာဖြည့်ဆည်းလို့ပေးချ င်တယ်…။

“ဆုတောင်းတိုင်းပြည့်မယ်ဆို ဆုတောင်းခွင့်ပေးပါ”

ဘ၀ဆက်တိုင်း

         ချစ်သူသွားလိုရာ

                အမြင့်ရောက်အောင်

                      နင်းလျှောက်ခံရတဲ့ လှေကားလေးဖြစ်ပါစေ. . .။

”ပျော်ရွင်စွာနဲ့ ရင်ကိုခင်း

    သခင်နင်းလိုလျှောက်ပါစေ.. .။           

                                                                ၀ီရ


In: ကဗျာ Posted By: Date: Mar 29, 2012
Comment #1

အော်.. ဖြစ်မှဖြစ်ရလေ ကြားရတာစိတ်မကောင်းပါဘူး

commentinfo By: cynthia at Mar 29, 2012
Comment #2

wow,,,
really?
r u sure?

commentinfo By: ei lay at Mar 29, 2012
Comment #3

yes .. off course

commentinfo By: cynthia at Mar 29, 2012
Comment #4

ဆုတောင်းတိုင်းပြည့်မယ်ဆို ဆုတောင်းခွင့်ပေးပါ”
ဘ၀ဆက်တိုင်း
ချစ်သူသွားလိုရာ
အမြင့်ရောက်အောင်
နင်းလျှောက်ခံရတဲ့ လှေကားလေးဖြစ်ပါစေ. . .။

မိုက်တယ်ဗျာ အားပေးသွားပါတယ်
စိတ်လဲမကောင်းပါဘူး ဗျာ အားတင်းထားပါ

commentinfo By: arkar at Mar 29, 2012
Comment #5

ပတ်ဝန်းကျင်ထင်းလင်းဖို့

ကိုယ်တိုင်လောင်ကျွမ်း

ဖယောင်းတိုင်လေးလိုပေါ့

commentinfo By: May Kha at Mar 29, 2012
Comment #6

ချစ်တာသိဖို့မလိုပါဘူး
ချစ်နေဖို့ပဲလိုတာပါ…။
ဟုတ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်လည်း
ဒီလိုခံစားမိပါတယ်။ ကဗျာလေး လာခံစားသွားတယ်။

commentinfo By: gadounlay at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment