Professional Authors

ပြန်ချစ်ပါတော့လား..

မင်းမရှိတော့တဲ့ နေရာလွတ်တစ်နေရာ
အစားထိုးမချစ်နိုင်တော့တဲ့ ငါနှလုံးသား
ငါဘက်ကမှားခဲ့တာလား
အသစ်မြင်လို့ အဟောင်းမေ့တာလား
ငါဝေခွဲမရခဲ့ဘူး………အမိရယ်…

ဒီလိုနဲ့ ဖြတ်သန်းခဲ့တဲ့အချိန်တွေလည်းမနည်း
အချစ်ဒုက္ခထက်ဆိုးတာ ဘာရှိမလဲ
မှောင်ရီထက်က အသံကြားလိုက်တိုင်း
ငါကိုခေါ်နေတာလားလို့ ထကြည့်တာလည်းအခါခါ
လမ်းလျောက်တိုင်းလဲ အဖော်ပါနဲ့ငါအဖြစ်
ဆိုးလှပါတယ်..သက်ထားရယ်…

မင်းကြိုက်သလိုလုပ်ပါ
သူများတွေကပြောပြတယ်
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့
ဘာလို့ပြောကြတာလဲ
ငါအတွက် ရယူခြင်းပဲဖြစ်ချင်နေမိတယ်….

ငါချစ်ခဲ့ဖူးတာ မင်းတစ်ယောက်တည်း
မင်းဆီကဘာတုန့်ပြန်မှုမှ ငါလိုချင်ဘူး
ငါဘက်တစ်ခုဘဲ တောင်းဆိုပါရစေ
အဲဒါ ငါကို ပြန်ချစ်ပေးပါ…

ဝေဝါးနေတဲ့ ငါဘဝလည်း
အချိန်ကြာလာသည့်နဲ့အမျှ
အချစ်ဆိပ်တွေကတက်
မင်းမရှိတော့ ထိုးနက်နေတာ
မင်းသိသင့်ပါတယ်…

အချိန်မနှောင်းခင်
သက်ထားရယ်..
ကိုယ်ဆီကို ပြန်လာခဲ့ပါလား…
                             ဘောဒါတွေအတွက်ပါ…
                                                          စိုး………….

In: ကဗျာ Posted By: Date: Mar 19, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Mar 19, 2012
Comment #2

Thank you par..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment