Professional Authors

—- သူ့အတွေး —-

အော်အော် —–  ပထမအစတော့ သူတပါးထက်သာအောင် မင်းငါ့ကိုဦးယူခဲ့တယ်

ပိုင်ဆိုင်ပြီးတော့ တယုတယ ယုယစွာ ထားခဲ့ပြန်တယ်

သွားလေရာယူသွား အများတစ်ခါကို ခေါ်ကြွား

လှသလားဟယ်တစ်မျိုး လိုက်သလားဟယ်တစ်ဖုံ

မင်းငါ့ကို ဂုဏ်ယူဝင့်ကြွား တန်ဖိုးထားခဲ့တော့

ရူးရူးမိုက်မိုက်နဲ့ငါ ပျော်ခဲ့တာမှားသလား။

 

အော်အော် —–   အချိန်တွေကြာလာ အနေတွေများလာပြန်တော့

တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် လပေါင်းများစွာ

ငါ့ကိုမေ့ရော့ ဂျောင်ထိုးထားခဲ့တာ

တစ်ခါတစ်လေများ ငါကို ညစ်ပတ်နံစော်တယ်ဆိုလို့

အသန့်ကြိုက်တဲ့ မင်းအကြိုက်လိုက်

ဆပ်ပြာရည်နဲ့ ရေထဲချာလယ်အောင်သန့်ရှင်းပေခဲ့တာများ

ငါ့မှာအခုတော့ မင်းအတွက် ဖွက်ဖွက်ညက်ညက် ကြေနေခဲ့ပါပြီး။

 

အော်အော် —–   အခုတော့ ငါသေချာသိသွားခဲ့ပြီး မင်းအနားမှာငါထက်

အရောင်အသွေးစုံလင် တန်ဖိုးမြင့်တဲ့အရာတွေရောက်နေမှတော့

အရောင်အစင်းဖျော့ တန်ဖိုးနည်းပါး အထီးကျန်နေတဲ့ငါ

တစ်ချိန်ချိန်မှာတော့ စွန်ပစ်ခြင်းခံရမဲ့

အသစ်မဟုတ်တော့တဲ့ အင်္ကျီအဟောင်းလေးတစ်ထည်ဆိုတာ

ငါကိုယ်ငါ့ မေ့နေခဲ့တာကိုး။

 

နောက်ဆုံး —–   ငါသာစကားပြောလို့ရရင် တောင်းဆိုချင်တယ် ….

မင်းအနားမှာ အနှောက်အယှက်ဖြစ်စေတဲ့ မင်းမကြိုက်တဲ့

အညစ်အကြေး အမှိုက်သရိုက်တွေကို ဖယ်ရှားပေးမဲ့

လက်နှီးစုတ်လေးတစ်ထည်တော့ ထက်ဖြစ်ခွင့်ရချင်တယ်ကွာ။

                                                ပြည့်စုံ (18.03.2012 <–> 8:27AM)

In: ကဗျာ Posted By: Date: Mar 18, 2012
Comment #1

wow,,,
mike de kwar,,
sar tar tway ka lan htwke nay tar pe,,
daw like dar naw,,

d hmar shint,,,
pyaw ya ong me,,
a tit be lout kaung kaung a haung ko dot hme naing par bu naw,,
arr ma nge ne..
ei lay ka dot koh ko kou yone de,,
koh bet ka perfect phyit aung le loak htar de,,
a tit tway be lout tway tway ei lay ko ma mae say ya bu,,
ei lay lout thu a paw tan phoe htar p chit naing me thu nout 1 yout ma tway say ya bu,,

commentinfo By: ei lay at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment