Professional Authors

အပြာရင့်ရောင်လက်ဖ၀ါး

လေက…သစ်ရွက်တွေကို..အရင်းကနေနှုတ်ပစ်တယ်
အနောက်အရပ်ကိုဝင်သွားတဲ့…နေရဲ့ဒီဇိုင်းက….အိပဲ့အိပဲ့နဲ့…။

နင်က..ငါ့မျှော်လင့်ချက်တွေကို…အဖျားရှုးပစ်တယ်
ရေထဲကိုပစ်ချခံလိုက်ရတဲ့…ခဲလုံးကမှ… ” ပလုံ ” လို့အော်နိုင်သေးတယ်
နင့်စကားကြားလိုက်ရတဲ့ငါ့မှာတော့…ရေငုံလို့ပေါ့
အောင့်သက်သက်နဲ့မျက်ရည်ကျမိတယ်….။

ဘာခံစားမှုမှမရှိတဲ့..ငါ့မျက်ရည်တွေကတောင်..နင့်ခြေဖမိုးကို..နမ်းသွားသေးတယ်
ငါသိနေတာက…နင့်မျက်ဝန်းမှာ…အစိမ်းရောင်ခပ်ပါးပါးလေး…သန်းနေတယ်..
နောက်တကြိမ်ဖမ်းဆုပ်ခွင့်မရတော့ပေမယ့်…နင့်ရဲ့လက်ကို..မြင်နေရသေးတယ်…
ငါကိုင်ခဲ့ဖူးတဲ့..ပန်းနုရောင်လက်ဖ၀ါးလေးကတော့….
ငါ့ကိုခါးခါးသီးသီးနဲ့…အပြာကြီးကိုရင့်လို့………..။

ချစ်လိုက်ရတာကွာ…..
လှည့်ထွက်သွားတဲ့…နင့်ကျောပြင်ကိုကြည့်ရင်း….
ငါ့နှလုံးသားက..တဖုတ်ဖုတ်ထခုန်သေးတာ…။      ။ ။

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

d poem lay ko phat p hma ei lay ye hna lone tar lay taung 1 phoat phoat myi twar p,

commentinfo By: ei lay at Mar 18, 2012
Comment #2

ချစ်လိုက်ရတာကွာ…..
လှည့်ထွက်သွားတဲ့…နင့်ကျောပြင်ကိုကြည့်ရင်း….
ငါ့နှလုံးသားက..တဖုတ်ဖုတ်ထခုန်သေးတာ…။ ။ ။
ကြိုက်နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment