Professional Authors

နေ ကိုးကွယ်သူများ (night^ )

တချို့တွေက …
တလမ်းဝင် တလမ်းထွက်
အဖြူရောင်ရင့်ရင့်တွေ ရွက်လို့
ကောက်ကွေ့စွာ ပျားပန်းခတ်နေကြတယ်

တချို့ကတော့ …
အရှေ့အရပ်မှ
အနောက်ဘက်သို့ လှည့်ထွက်
ထုံးတမ်းစဉ်လာ သားပေါက်လေးကို
ပွေ့ဖက်လိုက်ကြလေရဲ့

ဓားသွားကို တင်းတင်းဆုပ်
တဖက်က ဓားသွားနဲ့
ရန်လုပ်သူတို့ရေ …

သုညတလုံးကိုသာ ပိုင်တဲ့
… ငါ …
အေးချမ်းစွာ ထိုင်နေဆဲပါပဲ

တကြိမ်တခါ …
အဆိပ်သင့်မာယာကို
သစ္စာတရားလို ဖက်တွယ်လို့
သူတို့ ရဲ့ …
မျက်ဝန်း အသွယ်သွယ်
မျက်ရည်များလွယ်လာတတ်တဲ့ အခိုက်မှာတော့ …

လွှတ်ကျလိုက်တော့ကွယ် …
ငါတို့ ကိုးကွယ်ခဲ့သော
ထာဝရ နေတစင်းလည်း
နေနာရီတို့ ခေတ်ကောင်းစဉ်မှာပဲ
ြွေကဆင်းသွားကြောင်း …
ပြန်ပြောင်းပြောလိုက်ချင်ပါရဲ့

night^

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ကောင်းပါတယ်ဗျာ ကျွန်တော်ကတော့  ကဗျာရေးတတ်ပေမယ့် 
net .ပေါ်မတင်တတ်တော့ 
ကျွန်တော် ကဗျာတွေ
အလကား ဖြစ်နေရတယ်
အခုလို နေနဲ့  ပက်သက်တဲ့ 
ကဗျာရေးပေးတာ ကျေးဇူးတင်ပါတယ်
နေ၀န်း

commentinfo By: နေ၀န်း at Sep 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment