Professional Authors

ဘာလိုသေးလဲ ချစ်သူ

ဘာလိုသေးလဲ ချစ်သူ

 

မခမ်းနား မဆန်းပြားတဲ့ အလွမ်းများ

လမ်းသလားနေလိုက်ကြတာ

အကြိမ်ကြိမ်ပတ်ခဲ့တဲ့ ၀င်ရိုးတွေမှာ

ခြေရာအထပ်ထပ်ရှုပ်ပွကာ မြေလွှာတောင်ကျွံလုပြီ။

 

အသွင်တူလျှင် အိမ်သူဖြစ်သတဲ့

အချိုးကျ မျဉ်းနှစ်ကြောင်းမှာမှ

ဆုံမှတ်က ပျောက်ရှနေတယ်

ကဲ .. သည်တော့

နင် နဲ့ ငါ

ညီမျှခြင်းကို ဗဟိုပြုရင်း

လက်ယာရံ နဲ့ လက်ဝဲရံ။

 

တချို့ အမှန်တရားဆိုတာ

ရန်များရာဘူတာ

ထာဝရရထားကြီး စီးချင်မှတော့

မဆင်းသင့်တဲ့ ဘူတာတွေ ရပ်မကြည့်ကြေး။

အချစ်ဆိုတာ စုံလုံးကန်းတဲ့

ငါကတော့ နားကိုစွင့်လို့

သစ္စာတရားကို ရှာဖွေမယ်။

 

တို့နှစ်ယောက်ကြား

အလွှာများ ခွါချနေလည်း

နှစ်ကိုယ့်တစ်စိတ်ဟာ

အရေခြုံအဆင့်သာ ရှိဦးမှာ

အပေးအယူတိုင်း ထပ်တူကျစရာမှ မလိုတာ

Greater than or Less than

Equal or Not Equal တွေ ရန်မမူပါ

ကိုယ့်ဝတ်ရုံ ကိုယ်ဝတ်ကာ

ရည်ရွယ်ရာဥယျာဉ်မှာ အတူဆုံကြမယ်။

 

နင်က ငါ့ကိုကြည့်သလို

ငါက နင့်ကိုမြင်မယ်

ကွဲလွဲနေတဲ့ ပုစ္ဆာတွေကို

နားလည်မှုနဲ့ အဖြေညှိ

မသိနိုင်သေးတဲ့ ရလဒ်မှာ

မေတ္တာတွေ ကြိုတင်ပျော်ဝင်နေပြီပဲ

အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတွေကို

ခ၀ါချခဲ့ကြပါစို့။

 

 

မေခက်ဆူး

14 Mar 2012

3:00AM

In: ကဗျာ Posted By: Date: Mar 16, 2012
Comment #1

hey,,,,,,,,
so nice,,,,,
same with us,,
although we have different places,different works,different thoughts,different attitude,different feelings,,,
only one our belief is same.

commentinfo By: ei lay at Mar 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment