Professional Authors

Poems Corner

ရေးစပ်သီကုံး၊ ဆန္ဒများစွာ
ဖွဲ့နွဲ့သီဟန်၊ ပျားသကာနဲ့
ဖြူစင်မွတ်မွတ်၊ မပျက်သုန်းသည့်
သဲမြညှာချ.ယ်၊ စကားအသုံး
ချစ်စေ၊ လွမ်းစေ ထည့်ဝင်ဖော်ပြ
မာနစာလုံး၊မမေ့ထားအား
မီးကုန်ရမ်းကုန်၊ သွန်ချပြရာ
အကြောင်းအရာ၊ဘယ်ခါမထပ်
အပြုံးမပျက်၊ သူလက်ခံမြဲ
ဒ်ု့အားလုံးရဲ့၊ ခံစားမှု့များ
သူလက်ခံဆဲ၊

ဘယ်သောခါမျှ၊ မညီးတွားပဲ

ဒို့အားလုံးနဲ့ ထပ်တူညီစွာ

ခံစားပေးပြန် ငါတို့ခင်ပွန်း ၊

ဒီနေရာကိုPoems Corner လို့၊
ကဗ္မည်းထိုးထွင်နှစ်လုံးသားထက်၊
မိတ်ဆွေစစ်လို ၊ မမေ့ဘယ်ခါ ရှိနေသည်။ 

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

ကောင်းချက်ဗျာ မေခ ဆိုတဲ့အတိုင်း ခမ်းနားလျှက်ပါပဲ~~~~

commentinfo By: ဂျစ်ပစီ(မင်းမင်း) at Mar 14, 2012
Comment #2

ရေးစပ်သီကုံး၊ ဆန္ဒများစွာ
ဖွဲ့နွဲ့သီဟန်၊ ပျားသကာနဲ့
ဖြူစင်မွတ်မွတ်၊ မပျက်သုန်းသည့်
သဲမြညှာချ.ယ်၊ စကားအသုံး
ချစ်စေ၊ လွမ်းစေ ထည့်ဝင်ဖော်ပြ
မာနစာလုံး၊မမေ့ထားအား
မီးကုန်ရမ်းကုန်၊ သွန်ချပြရာ
အကြောင်းအရာ၊ဘယ်ခါမထပ်
အပြုံးမပျက်၊ သူလက်ခံမြဲ
ဒ်ု့အားလုံးရဲ့၊ ခံစားမှု့များ
သူလက်ခံဆဲ၊

commentinfo By: kantkawmg at Mar 15, 2012
Comment #3

အမှန်ပဲ မေခရေ၊ အဟုတ်ပဲ။

commentinfo By: kantkawmg at Mar 15, 2012
Comment #4

ခမ်းနားစွာပြန်ပီးကျေးဇူးတင်ပါတယ်ဂျစ်ပစီနဲ့ကိုကန့်ကော်ရေ……..

commentinfo By: May Kha at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment