Professional Authors

မီး

ခေါင်းထဲဝင်လာသမျှအကြောင်းအရာတိုင်းဟာ မေးခွန်းတွေချည်းပဲ
ခေါင်းထဲကခုန်ထွက်သွားတဲ့အကျိုးအမြတ်တိုင်းဟာ အကျအရှုံးတွေချည်းပဲ
ဘ၀ကို အနိုင်ပိုင်းချင်ဇောနဲ့ ကိုယ်ဂိုးကိုယ်ပြန်သွင်းမိတဲ့ပြာယာခတ်နေ့တွေ
တောက်ခေါက်သံခပ်ပြင်းပြင်းသာ လျှာကျွမ်းအောင် လောင်နေတယ်
ငါ့စိတ်နဲ့ငါ့ကိုယ် မိုးမမြင်လေမမြင် လေးပင်ညွှတ်ကျနေတယ်
ငါ့ကြောင့် မိသားစုသစ်ကိုင်းလေးလည်း ထက်ပိုင်းကျိုးကျခဲ့ရ
ငါ့ကြောင့် ချစ်သူရဲ့အနာဂတ်အိမ်လေးလည်း ပြာပုံအတိပြီးခဲ့ရ
ငါဟာ ကျိန်စာတွေ တနင့်တပိုးစီရင်ထားတဲ့မန္တရားတစ်ခုလေလား
မစားချင်မသောက်ချင်တော့ဘူး၊အိပ်လို့ မပျော်တော့ဘူး
တမြေ့မြေ့လှိုက်စားနေတဲ့အစွဲအလန်းတွေပေါ် လှန်းထားတဲ့ခန္ဓာ မခြောက်ခင်
ငါ့ဆီတွယ်ချိတ်နေတဲ့ကြိုးများ သွေးသံရဲရဲ ပြတ်တောက်သွားခဲ့ပြီ

                                                                                        ကိုသျှား

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

wow,,
really match with poem & title.

commentinfo By: ei lay at Mar 14, 2012
Comment #2

ဘ၀ကို အနိုင်ပိုင်းချင်ဇောနဲ့ ကိုယ်ဂိုးကိုယ်ပြန်သွင်းမိတဲ့ပြာယာခတ်နေ့တွေ
တောက်ခေါက်သံခပ်ပြင်းပြင်းသာ လျှာကျွမ်းအောင် လောင်နေတယ်
ငါ့စိတ်နဲ့ငါ့ကိုယ် မိုးမမြင်လေမမြင် လေးပင်ညွှတ်ကျနေတယ်
ငါ့ကြောင့် မိသားစုသစ်ကိုင်းလေးလည်း ထက်ပိုင်းကျိုးကျခဲ့ရ
………………………………….ဘာမှမပြောခဲ့လည်းဖြစ်တယ်မှတ်လား…

commentinfo By: အသဲကွဲမိုး at Mar 14, 2012
Comment #3

ဘ၀ကို အနိုင်ပိုင်းချင်ဇောနဲ့ ကိုယ်ဂိုးကိုယ်ပြန်သွင်းမိတဲ့ပြာယာခတ်နေ့တွေ
တောက်ခေါက်သံခပ်ပြင်းပြင်းသာ လျှာကျွမ်းအောင် လောင်နေတယ်
ငါ့စိတ်နဲ့ငါ့ကိုယ် မိုးမမြင်လေမမြင် လေးပင်ညွှတ်ကျနေတယ်

commentinfo By: May Kha at Mar 14, 2012
Comment #4

ငါ့စိတ်နဲ့ငါ့ကိုယ် မိုးမမြင်လေမမြင် လေးပင်ညွှတ်ကျနေတယ်
ငါ့ကြောင့် မိသားစုသစ်ကိုင်းလေးလည်း ထက်ပိုင်းကျိုးကျခဲ့ရ
ငါ့ကြောင့် ချစ်သူရဲ့အနာဂတ်အိမ်လေးလည်း ပြာပုံအတိပြီးခဲ့ရ
ငါဟာ ကျိန်စာတွေ တနင့်တပိုးစီရင်ထားတဲ့မန္တရားတစ်ခုလေလား

commentinfo By: kantkawmg at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment