Professional Authors

ညများ

ညများ..သေလွန်ပြီးသောညများ
အတွေး ၊ အိပ်မက် ၊ ဆေးလိပ် 1ဖွာ 2ဖွာ ညများ
ဘယ် ညာ သေချာမသိတဲ့ မင်းဘက် ငါ့ဘက် ညများ
ငိုက်မျည်းမှု နိုးထမှုတွေနဲ့ အနားသတ်မညီတဲ့ ညများ
ဝေးတယ် နီးတယ် ငတ်မွတ်တယ် ပလက်ဖေါင်းပေါ်မှာ မေ့ထားကြတဲ့ညများ ရှိတယ်
ကမ္ဘာလုံးတဲ့ ပြားတဲ့ ကော်ဖီဝိုင်းညများနဲ့ ကျုပ်တို့ ညများစွာမှာ
လွပ်လပ်ခြင်းရရှိဖို့ လိုအပ်ချက်ကလေးများ တစ်ဝက်မက လိုအပ်ပါ့ ၊

ကျွန်တော်က ကျွန်တော့် ကို ပြန်ရှာခြင်းအမှားတွေသာစားသုံးမိတဲ့ ည
ပျောက်တစ်ဝက် မီးတစ်စက်နဲ့အဝေးအနီးတွေသွေးပျက်နေမိတဲ့ည
မျှော်လင့်ခြင်းအသေတွေပိုက် အသံတိတ်ငိုရှိုက်နေမိတဲ့ည
ည..ဒုက္ခအလွဲတွေနဲ့ အထီးကျန်အိပ်မက်တွေထဲ မျောသွားတဲ့ည မောတယ်ဗျာ

ငါဆိုတဲ့ ဘာသာဗေဒတွေ စည်းမျည်းစည်းကမ်းတွေ
လမ်းဖေါက်ဖို့ဆိုတာ ငေးရင်းမနီးမယ့် အနာဂတ်တွေအတွက်
လမ်းဘေးက ည ဟာ ငါ့အတွက် မက်လောက်စရာ အာသာရမ္မက်ပဲ
ငါ မသိတဲ့ ညအသေတွေကို ဆက်တိုက် နမ်း ရှိုက် နေ ရ

အသေကောင်လို တည်ငြိမ် တတ်ဖို့  ည တွေမှာ သမာဓိ လိုအပ်နေတယ်
ဘ၀ကိုကိုက်ခဲနေတဲ့ ခွေးလေ ခွေးလွင့်များ ညမှာ ပျော်ပါး/
ကျက်စားနေပေါ့ မီးရောင်တွေ သီချင်းသံများနဲ့ အနာဂါတ် ခေါင်းဆောင်များ
ဆေးပြား နဲ့ သွေးသားများကို ကစား ကြတယ် ညတွေကျက်သရေတုန်းနေတာ
ကြာပေါ့…  ညတွေဝေးလံနေတာ ကြာပေါ့ /ညတွေ /ပီးတော့ မီးပျက်နေတဲ့ ညတွေပဲ
ကျုပ်တို့ ကျင့်သား ရနေပြီ ။

မောင်မြတ်သူ ၊ အသဲကွဲမိုး

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

so great !
လေးစားရတဲ့ ဆရာသမားနှစ်ယောက် ၇ဲ့ အရေးအသားတွေကို ပူးတွဲမြင်ခွင့် ခံစားခွင့်ရတာ
တော်တေ် ထိုက်တန်ပါတယ်ဗျာ..လေးစားအတုယူလျှက်ပါပဲ

commentinfo By: sharon myorr myor at Mar 4, 2012
Comment #2

ညများ..သေလွန်ပြီးသောညများ
အတွေး ၊ အိပ်မက် ၊ ဆေးလိပ် 1ဖွာ 2ဖွာ ညများ
ဘယ် ညာ သေချာမသိတဲ့ မင်းဘက် ငါ့ဘက် ညများ
ငိုက်မျည်းမှု နိုးထမှုတွေနဲ့ အနားသတ်မညီတဲ့ ညများ
ဝေးတယ် နီးတယ် ငတ်မွတ်တယ် ပလက်ဖေါင်းပေါ်မှာ မေ့ထားကြတဲ့ညများ ရှိတယ်
ကမ္ဘာလုံးတဲ့ ပြားတဲ့ ကော်ဖီဝိုင်းညများနဲ့ ကျုပ်တို့ ညများစွာမှာ
လွပ်လပ်ခြင်းရရှိဖို့ လိုအပ်ချက်ကလေးများ တစ်ဝက်မက လိုအပ်ပါ့ ၊

ကျွန်တော်က ကျွန်တော့် ကို ပြန်ရှာခြင်းအမှားတွေသာစားသုံးမိတဲ့ ည
ပျောက်တစ်ဝက် မီးတစ်စက်နဲ့အဝေးအနီးတွေသွေးပျက်နေမိတဲ့ည
မျှော်လင့်ခြင်းအသေတွေပိုက် အသံတိတ်ငိုရှိုက်နေမိတဲ့ည
ည..ဒုက္ခအလွဲတွေနဲ့ အထီးကျန်အိပ်မက်တွေထဲ မျောသွားတဲ့ည မောတယ်ဗျာ

ငါဆိုတဲ့ ဘာသာဗေဒတွေ စည်းမျည်းစည်းကမ်းတွေ
လမ်းဖေါက်ဖို့ဆိုတာ ငေးရင်းမနီးမယ့် အနာဂတ်တွေအတွက်
လမ်းဘေးက ည ဟာ ငါ့အတွက် မက်လောက်စရာ အာသာရမ္မက်ပဲ
ငါ မသိတဲ့ ညအသေတွေကို ဆက်တိုက် နမ်း ရှိုက် နေ ရ

အသေကောင်လို တည်ငြိမ် တတ်ဖို့ ည တွေမှာ သမာဓိ လိုအပ်နေတယ်
ဘ၀ကိုကိုက်ခဲနေတဲ့ ခွေးလေ ခွေးလွင့်များ ညမှာ ပျော်ပါး/
ကျက်စားနေပေါ့ မီးရောင်တွေ သီးချင်းသံများနဲ့ အနာဂါတ် ခေါင်းဆောင်များ
ဆေးပြား နဲ့ သွေးသားများကို ကစား ကြတယ် ညတွေကျက်သရေတုန်းနေတာ
ကြာပေါ့… ညတွေဝေးလံနေတာ ကြာပေါ့ ညတွေ ပီးတော့ မီးပျက်နေတဲ့ ညတွေပဲ
ကျုပ်တို့ ကျင့်သား ရနေပြီ ။……………………………….ကျနော်အပုဒ်လုံးကိုကြိုက်မိတယ်……………….

commentinfo By: sharon myorr myor at Mar 4, 2012
Comment #3

ဆြာမဟုတ်ပါဘူး မျောရယ် 😀

commentinfo By: myatthuraaung at Mar 4, 2012
Comment #4

ကျွန်တော်က ကျွန်တော့် ကို ပြန်ရှာခြင်းအမှားတွေသာစားသုံးမိတဲ့ ည
ပျောက်တစ်ဝက် မီးတစ်စက်နဲ့အဝေးအနီးတွေသွေးပျက်နေမိတဲ့ည
မျှော်လင့်ခြင်းအသေတွေပိုက် အသံတိတ်ငိုရှိုက်နေမိတဲ့ည
ည..ဒုက္ခအလွဲတွေနဲ့ အထီးကျန်အိပ်မက်တွေထဲ မျောသွားတဲ့ည မောတယ်ဗျာ

commentinfo By: kantkawmg at Mar 4, 2012
Comment #5

ကျွန်တော်လည်း..ပြန်လာဖတ်သွားပါတယ်.
တညလုံးမအိပ်ကြပဲ..တွဲလက်ပရဟိတမှာ..သန်းခေါင်ချိန်ရေးမိသော
အလယ်နှစ်ပုဒ်(ကျွန်တော်ရေးတာ)..မောင်လေးမြတ်သူ၏ပုံစံပြောင်းစေချင်သော ဆန္ဒအရ..
ကြိုးစားမိသော………..
အအိပ်ပျက်..ခဲ့သော…..ညများ

commentinfo By: အသဲကွဲမိုး at Mar 4, 2012
Comment #6

မောင်နှမနှစ်ယောက်ကြိုးစားပမ်းစားရေးထားကြတာပေါ့ မိုက်တယ်ဗျာ
ည ဆိုတဲ့ ဝေါဟာရလေးမှာ အစ်ကို နဲ့ အစ်မပြောသလို ဆေးပြားတွေနဲ့ သွေးသားကစားနေကြတာတွေရှိသလို စံပယ်ပန်းကုံးလေးတွေနဲ့ရုန်းကန်နေရတာတွေရှိတယ်ဗျ ည မှာ မကောင်းတာလုပ်တဲ့သူတွေရှိသလို ကောင်းတာလုပ်နေတဲ့သူတွေလည်းအများကြီးရှိပါတယ် (ဒါကျွန်တော်ကဗျာကိုဝေဖန်တာမဟုတ်ဘူးနော် ကျွန်တော့အမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြတာပါ)
အစ်ကို နဲ့ အစ်မတို့အရေးအသားကို လာရောက်ဖတ်သွားကြောင်းပါ
ကျွန်တော်လည်း အစ်မတော်အသဲနဲ့ကဗျာတစ်ပုဒ်လောက်အတူတူရေးချင်တယ်ဗျ ။

commentinfo By: X - ray at Mar 4, 2012
Comment #7

ကဗျာကတော့…တော်တော်ကောင်းတယ်ဗျ…
2ယောက်ပေါင်းလိုက်တော့..သွားပြီးပေါ့…
ကဗျာရဲ့ပုံစံကလည်း…တစ်မျိုးကောင်းတယ်..အကို နဲ့ အမ

commentinfo By: poem.poem28 at Mar 5, 2012
Comment #8

ကိုမြတ်သူ နဲ့ မိုး ရဲ့ ဒီညကိုတော့ကြိုက်သွားပြီ . . . 🙂

commentinfo By: နတ်သမီး at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment