Professional Authors

” နွေ “

တစ်ချိန်က

ထိုတစ်ချိန်ကဆိုတဲ့ အတိတ်ကို

နောက်ပြန်လှည့်ဖို့ရာ

ဒဏ်ရာတွေနဲ့ခံနိုင်ရည်အင်အား

အဘရ်ဘုရားထံတောင်းခံရမည်နည်း ။

နွေတဲ့ရောက်လာပြန်ပြီ

ငါမခေါ်ဘဲနင်ရောက်လာခဲ့တာ

ဒီတစ်ခေါက်ဆိုရင်

သုံးနှစ်ပြည့်ပြီ ။

သုံးရာသီအလွမ်းထက်စာရင်

သုံးနှစ်သုံးမိုးနာကျင်ခဲ့ရတဲ့

ငါ့ရင်တွင်းဒဏ်ရာ

ပျောက်လုနေပြီ ။

အမာရွတ်ဆိုတာ

ထင်ကျန်တတ်တဲ့အမျိုးဆိုရင်

ငါ့ရင်ဘတ်နန်းတော်မှာ

ကဗျည်းတင်

နာမည်ပြောင်းထားတယ်

” အမာရွတ် နန်းတော် “

ဟားတိုက်လို့ရီမောလိုက်ချင်တယ် ။

” နွေ”

ငါမလွမ်းဘူး

ငါသတိမရဘူး၊ငါမငိုဘူး

အရင်လို

ငါတစ်ယောက်တည်းမဟုတ်ဘူး

” နွေ”

သွားစမ်းပါကွာ

မင်းရဲ့မျက်ဝန်းတွေရုတ်သိမ်းလိုက်စမ်းပါ ။

သနားစရာကောင်းတဲ့

ကောင်တစ်ကောင်လိုငါ့ကိုလာမကြည့်နဲ့

ငါ့ဘ၀ငါနေတတ်သွားပြီ

မင်းထားခဲ့တဲ့နေ့ကစလို့

ရင့်ကျက်တယ်ဆိုတဲ့ ခံစားချက်တွေနဲ့

ငါထိန်းမတ်နိုင်ခဲ့ပြီ

သင်ခန်းစာဆိုတာ ယူတတ်မှရတာပါ ။

ငါ့ဘ၀သင်ခန်းစာတွေထဲမှာ

” နွေ” ဆိုတဲ့

ခါးသီးခြင်းတွေကို

ဖုန်မတက်အောင်ငါဂဂုစိုက်မယ် ။

သတိတရ နာကျင်ချိန်တိုင်း

ငါထုတ်ကြည့်မယ် ။

နာကျင်တတ်အောင်လို့ပေါ့ ။

 

                                                               မာန်ခက်ဝင့်

                                 ၂၇ .၂ .၂၀၁၂ (၁း၃၅ )နေ့လည်

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

tay char tar 1 khu pyaw pya me,,
shin thu ko be lo hma nar kyee loh ya hmar ma hote bu,,
khar te chin tway ko pe ywe p tane htar par say ong,,,po p yint kyat lar de pop,,
be lo hma mae loh ya hmar dot ma hote bu,,
koh kou ko nar kyin aung loak nay ta lo pe phyit nay hmar,,
e dar a chit sit pe,,

commentinfo By: ei lay at Feb 27, 2012
Comment #2

အမာရွတ်ဆိုတာ
ထင်ကျန်တတ်တဲ့အမျိုးဆိုရင်
ငါ့ရင်ဘတ်နန်းတော်မှာ
ကဗျည်းတင်
နာမည်ပြောင်းထားတယ်
” အမာရွတ် နန်းတော်
ဟားတိုက်လို့ရီမောလိုက်ချင်တယ် ။

commentinfo By: kantkawmg at Feb 27, 2012
Comment #3

ငါ့ရင်ဘတ်နန်းတော်မှာ

ကဗျည်းတင်

နာမည်ပြောင်းထားတယ်

” အမာရွတ် နန်းတော် “

ဟားတိုက်လို့ရီမောလိုက်ချင်တယ် ။

” နွေ”

ငါမလွမ်းဘူး

ငါသတိမရဘူး၊ငါမငိုဘူး

ငါ့ဘ၀ငါနေတတ်သွားပြီ

ငါ့ဘ၀သင်ခန်းစာတွေထဲမှာ

” နွေ” ဆိုတဲ့

ခါးသီးခြင်းတွေကို

ဖုန်မတက်အောင်ငါဂဂုစိုက်မယ် ။

သတိတရ နာကျင်ချိန်တိုင်း

ငါထုတ်ကြည့်မယ် ။

နာကျင်တတ်အောင်လို့ပေါ့ ။

commentinfo By: sone.pyuu at Feb 27, 2012
Comment #4

” နွေ” ဆိုတဲ့

ခါးသီးခြင်းတွေကို

ဖုန်မတက်အောင်ငါဂဂုစိုက်မယ် ။

သတိတရ နာကျင်ချိန်တိုင်း

ငါထုတ်ကြည့်မယ် ။

နာကျင်တတ်အောင်လို့ပေါ့ ။

commentinfo By: May Kha at Feb 28, 2012
Comment #5

နေတတ်ရင်ကျေနပ်စရာပါဗျာ …. အားပေးနေပါတယ်

commentinfo By: အသဲကွဲ မိုး at Sep 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment