Professional Authors

ည(၁၈)

ည..တစ်ညထက် တစ်ည

လျောက်ရပါများလွန်းတော့

ခြေသံလား ငရဲအော်သံလားဆိုတာ

မဝေခွဲနိုင်တော့ဘူး..

 

စက္ကန့်တွေ ဆော့ကစားတဲ့ထဲ

ငါက သားကောင်ဘ၀နဲ့

အသုံးတော်ခံဖို့

အလွမ်းတွေ စုစည်းဖို့

တမ်းတဖို့ သက်သက်ပါပဲ..

ဘာအခွင့်အရေးမှ မရခဲ့..

 

အော်..

ကြယ်တွေ တဖြောက်ဖြောက်

သက်ဆင်းလဲ

ဘာမှ ဆုတောင်းစရာ မရှိခဲ့

မျှော်လင့်ချက် မဲ့နေလိုက်တာများဗျာ

တော်တော် ခြေသံ လုံခဲ့ပေါ့..

(ရောင်နီတွေ တွန်လို့

အာရုဏ်တွေ ၀တ်ရုံဆင်တော့မှ

အိမ်မက်တွေနဲ့ အတူ

အလှဆင်ခွင့် ရမယ် ထင်တယ်)

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

a khu dot yaung ni lar phoe ne nay p,,
he,he,,

commentinfo By: ei lay at Feb 27, 2012
Comment #2

ည..တစ်ညထက် တစ်ည
လျောက်ရပါများလွန်းတော့
ခြေသံလား ငရဲအော်သံလားဆိုတာ
မဝေခွဲနိုင်တော့ဘူး..

commentinfo By: kantkawmg at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment