Professional Authors

အိပ်မက်အသေများ ကြွေကျခြင်း

အနားသတ်မညီတဲ့ အိပ်မက်တွေနဲ့

လက်တစ်ဆုပ်စာ မျှော်လင့်ချက် ယဲ့ယဲ့လေးကို ပိုက်ပြီး

သူလာမယ့်လမ်းကို မျှော်ကြည့်ခဲ့ဖူးတယ်..။

 

သစ်ရွက်တွေလဲ ကြွေတယ်.

မိုးတွေလဲ ရွာတယ်

နှင်းတွေလဲကျတယ်.

အို…တစ်နေ့တည်းကို ရာသီဥတုတွေ ဖောက်ပြန်နေပုံများ..

(ငါရင်ဘတ်ကြီး ပူနွေးလာလို့ ဖြစ်မယ် )

 

တစ်စက္ကန့်.. …တစ်မိနစ်…

တစ်နာရီ…တစ်ရက်…

တစ်လ…

ခက်ခဲလှတဲ့အချိန်တွေကို အံတုရင်း

မဆုပ်မနစ်သောဇွဲနဲ့

နင်ထားခဲ့တဲ့နေရာမှာတင် ခြေစုံရပ်

(နင်ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့)

နောက်ဆုံး…

ညရေးတွေ ပျက်တာပဲ အဖတ်တင်တယ်..။

 

Fotia~!

11:42 PM

16.Feb.2012

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

hin,,,
only 1 month?so short.
go ahead,
don’t give up,
try to reach your goal,
fighting,,,,,,,,

commentinfo By: ei lay at Feb 25, 2012
Comment #2

(နင်ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့)

နောက်ဆုံး…

ညရေးတွေ ပျက်တာပဲ အဖတ်တင်တယ်..။
ဟုတ်ပါတယ်..ဗျာ..တူတူတွေပါ

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #3

း)..ကဗျာတွေ ဖတ်ပေးတာ ကျေးဇူးပါ

commentinfo By: FotiaPrincezz at Feb 27, 2012
Comment #4

အခုမှ..ဖတ်ဖြစ်တယ်ဗျ..
ကောင်းတယ်ဗျ..ကြိုက်တယ်..

commentinfo By: poem.poem28 at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment