Professional Authors

“ခုံပြာလေးက စောင့်နေမယ်”

တောင်တန်းတွေက နံရံတွေလို

တားဆီးပါစေ ဆွဲဖယ်လိုက်မယ်

လိုက်ကာများလို ဝေးလံခရီး

ကိုယ့်ဖို့နီးစေ ချစ်တွေးသီကာ

မျှော်ရည်မှန်းလို့ လှမ်းခဲ့တယ်

 

ကြင်နာသူ သူ့နှုတ်ခမ်းဖျားက

မရေရာ ဆိုတဲ့စကား

“ချစ်ချင်တော့ဘူး ပျင်းတယ်တဲ့”

မချိုနိုင် ခါးသက်သက်မို့

ရင်ခွင်မှာ အပီအောင့်ကာ

မှိုင်တွေကာ ကျန်ရစ်တယ်

ပြန်ချစ်ချင်သူမို့ မာန်တင်းလို့

လက်နှစ်ချောင်းထောင်တယ်

မခံချင်စွာ ဟန်လုပ်လို့

ပြောမိတယ်

“စဉ်းစားပါ

မင်းအနားမှာ ငါမရှိရင်

ခြောက်သွေ့မယ် ပျော်စရာတွေ

ကိုကိုရယ်…

မီး လွမ်းတယ်ဆိုရင်

ပြန်ပေးမယ့် ငါအချစ်တွေက

နှစ်နှစ်အတွင်းပဲ လတ်ဆတ်မယ်”

 

ဒီလိုနဲ့ ပြတ်သားသယောင်

လှည့်ထွက်လို့ နားစွင့်တယ်

“ကိုကို”ရယ် သူ့ခေါ်သံ

မကြားရလို့ စိတ်ညစ်တယ်

မှန်းချက်ကလဲ နှမ်းမထွက်လို့

လွမ်းမိတဲ့ ဒီမောင်မှာ

အမှတ်မရှိစွာ ပြောမိပြန်တယ်

“ခုံပြာလေးက စောင့်နေမယ်”

In: ကဗျာ Posted By: Date: Feb 23, 2012
Comment #1

This Poem is dedicated to someone who is becoming a composer and live in somewhere. 😀

သရော်ကဗျာလေး တစ်ပုဒ်ပါဗျာ အစ်ကိုတစ်ယောက်အတွက် ရေးထားတာပါ

သက်ဆိုင်သူတို့ သိပါစေ 😛

commentinfo By: Demon at Feb 23, 2012
Comment #2

ဖတ်သွားပါတယ်ဗျာ..မဆိုင်ပေမယ့်…အဟဲ..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 23, 2012
Comment #3

ရီရမှာလား……….ငိုရမှာလားတောင်မသိတော့ဘူး……
ဖတ်သွားပါတယ်………..

commentinfo By: May Kha at Feb 23, 2012
Comment #4

he,he,,
lots of funs

commentinfo By: ei lay at Feb 23, 2012
Comment #5

ဒီလိုနဲ့ ပြတ်သားသယောင်

လှည့်ထွက်လို့ နားစွင့်တယ်
“ကိုကို”ရယ် သူ့ခေါ်သံ
မကြားရလို့ စိတ်ညစ်တယ်
မှန်းချက်ကလဲ နှမ်းမထွက်လို့
လွမ်းမိတဲ့ ဒီမောင်မှာ
အမှတ်မရှိစွာ ပြောမိပြန်တယ်
“ခုံပြာလေးက စောင့်နေမယ်”

commentinfo By: blueskymoe at Feb 23, 2012
Comment #6

လှည့်ထွက်လို့ နားစွင့်တယ်
“ကိုကို”ရယ် သူ့ခေါ်သံ
မကြားရလို့ စိတ်ညစ်တယ်
မှန်းချက်ကလဲ နှမ်းမထွက်လို့
လွမ်းမိတဲ့ ဒီမောင်မှာ
အမှတ်မရှိစွာ ပြောမိပြန်တယ်
“ခုံပြာလေးက စောင့်နေမယ်”
good……..တယ်ဗျ…

commentinfo By: poem.poem28 at Feb 23, 2012
Comment #7

ဖတ်သွားပါတယ်…

commentinfo By: kantkawmg at Feb 25, 2012
Comment #8

ကြင်နာသူ သူ့နှုတ်ခမ်းဖျားက

မရေရာ ဆိုတဲ့စကား

“ချစ်ချင်တော့ဘူး ပျင်းတယ်တဲ့”

မချိုနိုင် ခါးသက်သက်မို့

ရင်ခွင်မှာ အပီအောင့်ကာ

မှိုင်တွေကာ ကျန်ရစ်တယ်

ပြန်ချစ်ချင်သူမို့ မာန်တင်းလို့

လက်နှစ်ချောင်းထောင်တယ်

မခံချင်စွာ ဟန်လုပ်လို့

ပြောမိတယ်

“စဉ်းစားပါ

မင်းအနားမှာ ငါမရှိရင်

ခြောက်သွေ့မယ် ပျော်စရာတွေ

ကိုကိုရယ်…

မီး လွမ်းတယ်ဆိုရင်

ပြန်ပေးမယ့် ငါအချစ်တွေက

နှစ်နှစ်အတွင်းပဲ လတ်ဆတ်မယ်”

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment