Professional Authors

အဆင်ပြေလား………

အပြုံးတစ်ခုကို ခိုးယူ
အကြည့်တစ်ချက်ကို ဝှက်ထား
မင်းအချစ်ကို ဓားမြမတိုက်ရဲပါဘူး
ဒါပေမဲ့ အလွမ်းတွေနဲ့ ကြိုးမိန့်ချခဲ့တယ်နော်…..

မင်းပျော်ဖို့အတွက်
အလွမ်းတွေနဲ့ဆေးဖော်
အချစ်ဆိုတဲ့ အမြစ်ကိုကျို
နှလုံးသွေးဖောက်ပြီး တိုက်မဲ့သူပါ….

ကဗျာတွေ သံစဉ်ထပ်
အချိန်တွေသော်လည်း
အချစ်မပြောင်းဘဲ ချစ်နေခဲ့တာပါ…

ဘယ်သူတွေ သွေးထိုးထိုး
တစ်ချက်မမုန်းဘဲ တစ်သက်လုံး
ချစ်ချင်နေတော့တယ်…

ပြောမထွက်ခဲ့ စကားတွေ
မေးလို့မရတဲ့ နှလုံးသားက
ချစ်တယ်ဆိုတာကို ဘယ်လိုပြောလဲကွာ…

သိသင့်ပါတယ်
တစ်ယောက်တည်းပဲ မြတ်နိုးတွယ်တာ
ယုယခဲ့တာဟာ ချစ်လွန်းလို့ပါ…

ပြောမထွက်ခဲ့တာ
မျက်နှာတော်ညိုးကြောက်လို့ပါ
အရည်ပြားကို ဓားနဲ့မွန်းလို့
နာမှာမကြောက်ပါဘူး
မင်းစိတ်ဆိုးမှာတော့ကြောက်မိတယ်…….

အဲဒါအချစ်ဆိုတာလား
အပြစ်မမြင် အချစ်ထင်ပြီး
ချစ်ခဲ့တာ မဟုတ်မှလွဲရော
ငါ့နှလုံးသား ပါသွားပြီ…..

ချစ်လွန်းလို့ နားလည်ပေးခဲ့တာကို
အခွင့်မယူချင်ပါနဲ့ အမိရယ်
ဘဝရေးမို့ တစ်ချက်မမှားစေဖို့
ကိုယ်နဲ့သာ လိုက်ခဲ့ပါတော့လားကွာ…..

In: ကဗျာ Posted By: Date: Feb 22, 2012
Comment #1

mike de kwar,,

pwint ma pyaw yin be ti hmar le?
pyaw sa yar shi pyaw ya hmar pop,
myo tate htar yone ne pya ta nar ka shin twar ma hote bu lay,,

commentinfo By: ei lay at Feb 22, 2012
Comment #2

ကောင်းတယ် စိုးဦးရေ

commentinfo By: kantkawmg at Feb 22, 2012
Comment #3

Thanks a lot to ma ei and kokantkawmg…

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment