Professional Authors

ဘဝမှတ်တိုင်နဲ့ သံသာရာလွင်ပြင်

 

 

ဘဝတကွေ့မှာ ကြီးကျယ်ခမ်းနားတဲ့
ဆင့်မြင့်ပေါ်ကို တက်ရောက်ခဲ့ဖူးပါရဲ့
သမိုင်းတစ်ရွက် ကျောက်တစ်ပွင့်လောက်တောင်
မရေးသားနိုင်သေးတဲ့ ခြေရာတွေနဲ့
ကောက်ကြောင်းတွေထပ်လို့ လူ့ဝန်းကျင်မှာ
အိပ်ဆေးတစ်ခွက် ဝိုင်တစက်နဲ့
ယစ်မူးပျော်ပိုက် ခံတွင်းခိုက်ခဲ့တာ
သေမင်းလက်သို့ အသက်တစ်ချောင်း
ငွေတမက်နဲ့ မြေတစ်ကွက်ကိုဝယ်ခဲ့ရတာ
သံသာရစက်ရဟတ်လည်း လည်ပတ်ခဲ့ပြီလေ…..။

 

ခိုနားရာမဲ့နေတဲ့ ဘဝလေလွင့်ငှက်ငယ်တွေဟာ
အမြင့်ဆုံးကောင်းကင်ယံကို ပျံသန်းနိုင်ပေမဲ့
နားချင်ရာကို ခိုနားခဲ့ရသလို
ပျံသန်းချင်ရာကိုလည်း ပျံသန်းခဲ့ကြလို
ကောင်းကင်ပြင်မှာ ခြေရာတွေလည်းပျောက်ခဲ့
မမြင်ရတဲ့ အနာဂတ်တိမ်တိုက်အောက်
မနက်နဲ့ည အလင်းနဲ့အမှောင်ကို
ရင်ဘက်နဲ့ ကျောပမာ အဖော်ပြုလို့
ဘဝတကွေ့အတွက် သံသာရာစက်ရဟတ် လည်ခဲ့ပြန်ပြီလေ….။

 

အနိမ့်နဲ့အမြင့် ချမ်းသာနဲ့ဆင်းရဲ
ဂုဏ်နဲ့ငမွဲ မညီမျှတဲ့ လောကဓံဇာတ်ကွက်ထဲ
ချစ်ခြင်း မုန်းခြင်း ဟန်ချက်မညီညာနဲ့
သူက နိုင် ငါက ရှုံး
ငါက နိုင် သူက ရှုံး
အနိုင် အရှုံးကို တံတိုင်ဖွဲ့လို့
သူဘက် ငါ့ဘက် စစ်တိုက်ကြရင်း
ဒေါသရင်အစုံမှာ လောဘရမက်အဟုန်တွေနဲ့
မောဟဇာတ် အဟုန်မြင့်တက်ရင်း ခြေင်္သေ့နဲ့ကျား
လယ်ပြင်စစ်ခင်းကြသလို ဇာတ်သိမ်းမလှခဲ့
ဒီတော့ သံသာရာဇာတ်ဆုံးတော့
ငွေတမက် မြေတကွက်နဲ့ အသက်တချောင်းကို
ငုတ်တိုင်ဆိုက်ခဲ့တာ နေဝင်ရက်ပေါင်းလည်း များခဲ့ပြီလေ…..။

 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Feb 20, 2012
Comment #1

ကိုမြတ်မင်း..အရေးအသားတွေက..ကောင်းတယ်..ထက်ပိုကောင်းတယ်ဗျ
အရေးအသားငြိမ်တယ်…ဗျ..။

commentinfo By: poem.poem28 at Feb 21, 2012
Comment #2

အမှန်ပဲ

commentinfo By: kantkawmg at Feb 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment