“ ကဗျာဆရာသေတဲ့ ကဗျာ ”
မသာရထားပါ၊
မသာ ရထားပါ၊ မသာရ ထားပါ၊
တင်လာတယ်၊
မီးသွေးနဲ့ အလောင်းကောင်၊
မီးရဲ့ သွေးနဲ့ အလောင်းရဲ့ ကောင်၊
တစ်ချို့ကပြောတယ်၊ အရင်းနှီးဆုံးသူစိမ်းတဲ့၊
အခုတော့ အရင်းနှီးဆုံးသူ စိမ်း သွား၊
မီးလိုသွေး၊ အလောင်းလိုကောင်၊ နိုင်သလောက် သူ ယူဆောင်သွားတယ်၊
နာမည်၊
ဒါက ဈာပန၊ တစ်ဘ၀စာ ဈာပန၊
ကိုယ်ယုံကြည်ရာတွေနဲ့ ရောချခဲ့၊
လမ်းမှာ တွေ့တဲ့ခွေးတစ်ကောင်ကို မေးကြည့်စမ်းပါ၊
ဘ၀ကူးတဲ့ အနံ့၊ လူ့အသားညှော်နံ့၊
အဲဒါ ဘယ်လို အနံ့လဲ၊ အခုက သဂြို င်္လ်ပွဲ၊
တကယ်တမ်း နွှဲရတာက တစ်ယောက်တည်းပါ၊ ဒါပေမယ့်
စည်တယ်၊
ပွဲဆူသူတွေကြောင့် စည်တယ်၊ ပွဲငိုသူတွေကြောင့် စည်တယ်၊
ဆူငိုသူတွေကြောင့် စည်တယ်၊
ဒါကဗျာပါ၊ ဒါက ဗျာပါ၊ ဒါ ကဗျာ ပါ၊
ကဗျာဆရာသေတဲ့ ကက ဗျာဗျာ ကဗျာပါ၊
Comment #3
ဖတ်ရင်းနဲ့တော်တော်လည်သွားပါတယ်နော်……..:P
By: May kha at Feb 19, 2012
Comment #5
နှစ်သက်စွာအားပေးသွားပါတယ်
By: အသဲကွဲမိုး at Feb 20, 2012
Comment #7
ဒါက ဈာပန၊ တစ်ဘ၀စာ ဈာပန၊
ကိုယ်ယုံကြည်ရာတွေနဲ့ ရောချခဲ့၊
လမ်းမှာ တွေ့တဲ့ခွေးတစ်ကောင်ကို မေးကြည့်စမ်းပါ၊
ဘ၀ကူးတဲ့ အနံ့၊ လူ့အသားညှော်နံ့၊
အဲဒါ ဘယ်လို အနံ့လဲ၊ အခုက သဂြို င်္လ်ပွဲ၊
တကယ်တမ်း နွှဲရတာက တစ်ယောက်တည်းပါ၊ ဒါပေမယ့်
စည်တယ်၊
ပွဲဆူသူတွေကြောင့် စည်တယ်၊ ပွဲငိုသူတွေကြောင့် စည်တယ်၊
By: zawthetoo at Feb 29, 2012




Comment #1
တစ်မျိုး….ပါပဲ…ဆန်းလည်းဆန်းတယ်….ဗျ