Professional Authors

သစ္စာတိုင်

လှိုင်းအိလေးတွေပေါ်မှာ

လရိပ်ဝါကယိမ်းနွဲ့…

ကစ္ဆပရဲ့ညနရီ။

တစ်ယောက်ကျောကိုတစ်ယောက်မှီရင်း

သံယောဇဉ်အဖွဲ့တွေနဲ့

တို့ညတွေ ခမ်းနားခဲ့တယ်…

လေပြည်မှာပါတဲ့

ညမွှေးပန်းရနံ့တွေထက်

တို့ရင်ခုန်သံတွေ ပိုသင်းပျံ့ခဲ့တယ်…

ကောင်မလေးရေ

ကြယ်တွေကြွေတိုင်း

ငေးကြည့်ဆုတောင်းတတ်တဲ့နင့်အတွက်

(ငါကလေ…)

ကြယ်ကလေးအဖြစ်

ကြွေပေးချင်တဲ့ကောင်ပါ…

ငါတို့သစ္စာတွေ

ကစ္ဆပရေမခန်းသ၍…

တည်တံ့စေမယ်….။ ။

To my memorable nights in STW.

In: ကဗျာ Posted By: Date: May 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment