Professional Authors

သိနိုင်မလား….

အတွေးထဲက ပုံရိပ်
နင်နှိပ်စက်လို့ အိမ်မက်ရှည်
အကြည့်တစ်ချက်နဲ့ ပြစ်ဒဏ်သင့်ပြီ…

တစ်ဖက်သတ် ချစ်ခွင့်ပဲရှိတော့
တစ်သက်လုံးစာတော့ မဖြစ်တော့ရင်လည်း
နောက်ဆုံး အနမ်းတစ်ခုတော့ လိုချင်တယ်…

ရင်ထဲက အချစ်ဂီတ
ဘယ်သူဆီမှာ ဖွင့်ပြရမလဲ
ဘယ်သူကတော့ နားထောင်ပေးမှာလဲ….

အချစ်ကံရယ် ခေလွန်းတယ်
အပြစ်မပါကွယ် ချစ်ချင်တယ်..
စိတ်မဆိုးရင်တော့ ချစ်ဦးမယ်…

မျက်နှတော် ညိုး
သူစိတ်ဆိုးမှာ ကြောက်မိတယ်
ပြစ်ဒဏ်ရယ် သင့်လို့
နောက်မဆုပ်ပဲ ချစ်ချင်တာဟာ ချစ်လွန်းလို့ပါ….

ဘာပဲပြောပြော ချစ်တော့လည်း သည်းခံ
မဟုတ်တာလည်း ပျက်လုံးလုပ်
စိတ်ချမ်းသာအောင် လုပ်ပေး
ဒါတောင် မင်းမသိဘူးလားကွာ…

ဗေဒင်တွေ၊ နတ်ဆရာတွေနဲ့ပြော
အချစ်လမ်းကြောင်း ဘယ်မှာရှောင်တုန်း
သူလည်းမသိ
ငါသိတာတော့ မင်းကို အရမ်းချစ်တယ်ဆိုတာပဲ…

မင်းအငွေ့အသက်လေးကို
လေပြေတွေ အတင်းယူတာကိုတောင်
ငါမနာလိုဖြစ်တတ်တယ်…
အဲဒါ ချစ်လို့လားဟင်…

သိပါစေတော့
ဆုတောင်းရင်း စောင့်မျှော်
မျှော်ငင်းရင်း ရော
သူနားရောက်ရေး ချစ်မိတော့ ဆက်ခါငေးပေတော့…

သူလေးသိပါစေ…ချစ်တယ်ဆိုတာ တကယ်ပါ…
                                                 စိုး…………..

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

nin ti ma lar?
myar pyar lun par de,,yin hte a pyay.,,
sar nar ong ,,yin hmar a chit sone ,,baby.

commentinfo By: ei lay at Feb 5, 2012
Comment #2

သူလေးသိပါစေ…ချစ်တယ်ဆိုတာ တကယ်ပါ…

commentinfo By: kantkawmg at Feb 5, 2012
Comment #3

Thanks to Me Ei and Ko KantkawMg

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment