Professional Authors

ယုံမယ်ထင်တယ်

ချစ်ခဲ့တာ အတည်ပါဆို
ပြောခဲ့တာ မင်းစကား
ငါယုံက ခက်သားလား…..

ချစ်လို့ အလိုလိုက်တာ
ယောက်မတက်နဲ့နော်
မျက်ရည်ကျရင် မသနားတတ်လို့ပါ………

မျက်ရည်ကို ဗာန်းပြ
သနားတတ်အောင်လုပ်တတ်တာ
မင်းအကျင့်ဆိုတာ ငါသိပါတယ်………..

ချစ်ပြီဆိုရင်လည်း ဒို့တစ်သက်
မုန်းပြီဆိုလည်း မင်းတစ်သက်ဆိုတာ သိထားပါ…….
မင်းသွားရင် အရက်ရှိလို့
ငါပျော်နေတယ်ဆိုတာ မင်းသိရင်ကောင်းမယ်……

မင်းပေးခဲ့တဲ့ အချစ်တွေ
မင်းထားခဲ့တဲ့ အလွမ်းတွေ
မင်းမေးခွန်းတွေကို ငါအရက်နဲ့ဆေးကြောနေတယ်……..

အချစ်ဆိုတာ 
တစ်ချို့ တစ်ချို့တွေအတွက်
အသဲကွဲ၊ပျော်နေကြဆဲ၊ငိုနေကြဆဲ
လွမ်းနေကြဆဲဆိုပေမဲ့ ငါအတွက်တော့
ဟာသတစ်ပုဒ်ကို ဖတ်ရသလိုပဲ..ရယ်ဖို့ကောင်းနေတယ်…..

မင်းခင်းထားတဲ့ ဇာတ်လမ်း
မင်း ဇာတ်သိမ်းပိုင် ဘယ်လိုသတ်မလဲ
မျက်ရည်နဲ့လား၊ အလွမ်းနဲ့လားဆိုတာ
သေချာစဉ်းစားနော်

ငါအတွက်တော့ မင်းသွားရင်
ကဗျာတွေရသလို မင်းရှိရင်လည်း ကဗျာရှိနေဆဲပါ
မင်းကို ငါမချစ်ရရင်နေပါ
ကဗျာကို ချစ်မြဲ၊ချစ်နေဆဲပါ
ဘာဖြစ်လို့လဲဆိုတော့ သူက သစ္စာရှိလို့ပေါ့……….

သစ္စာတွေ မှိုပေါက်အောင်ပေး
ငွေနောက်လိုက်တဲ့ မင်းစိတ်ဓာတ်
ငါလေးစားပါတယ်………..

ငါမှာလည်း အချစ်ကလွဲလို့
ဘာမှမရှိ ဗလာနတ်ထိ
အဲဒါမင်းလည်း သိ…

ရိုင်းသွားရင်တော့ မသိ
ငါသိတာက မင်းမရှိရင်ကောင်းမယ်
သာယာနေတဲ့ ဘဝလေးတွေကို
ရုပ်ခံနဲ့လုပ်စားနေတာတွေ
ရပ်လိုက်တော့ကွာ……

ဒူးနဲ့မျက်ရည်
မင်းအတွက်ဖြစ်သွားလိမ့်မယ်………
                                         စိုး………………
 

In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1

he,,he,,,
sate g like tar naw,,,,
sate ne ne lay shop par lar?

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment