Professional Authors

ယုံရဲ့လား.

ချစ်တယ်လို့လည်း ပြောရခက်
ပြောပြန်ရင်လည်း စိတ်ဆိုးမယ်
ကဲ…ဘယ်လိုလုပ်မလဲ…..

ငါချစ်ဖူးတာ တစ်ယောက်တည်းပဲ
ပြန်မချစ်ရင် ဒုက္ခပဲ..
ဆူးနေတဲ့ ဆူး
ပြန်ထုတ်တော့လည်း နာ
မထုတ်ပြန်ရင်လည်း နာ
ကုဆေးပေးပါ……….

အခွင့်ယူတာတော့ မဟုတ်ပါ
ချစ်ခဲ့မိတာ အမှန်ပါ
ပြောမထွက်တာ ယုံပါ……..

အလိုလိုက်တာကို
အခွင့်ကောင်းယူပြီးတော့ ချစ်တာမဟုတ်
စတွေ့ကတည်းက ချစ်နေတယ်ဆိုတာ ယုံလားဟင်……

အချစ်ဦး မချစ်ဖူးသေးတော့
ချစ်ရမှာတော့ ကြောက်တယ်
ယောက်ကျာ်းဆိုပေမဲ့ နှလုံးသားက
နုလွန်းတယ်…အမိရယ်….

သူစိတ်ဆိုးမလားဆိုပြီး
မပြောဘဲ မြိုသိပ်ထားတဲ့
စကားတွေကို ဒီနေ့တော့ ပြောမိပြီ..
ချစ်တယ်ကွာ…..ချစ်တယ်….
မပြောတတ်လောက်အောင် ချစ်နေတယ်ဆိုတာ
မင်းသိရင် တော်ပါပြီ……

အဖြေပေးပါ…..အမိရယ်
အိပ်မရလို့ပါ…..
                                                   စိုး………

In: ကဗျာ Posted By: Date: Jan 22, 2012
Comment #1

har,,,,,,,,,,,,
ei lay ti twar p,,,
chit nay de so tar ko,,,
be lo loak ma le? be lo loak ma le? be lo loak ma le?
ei lay twar pyaw like hmar naw,,,he,,he,,

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment