Professional Authors

နားလည်ပါ

ချစ်နေတာကို သိပါလျက်နဲ့
ဘာကြောင့်များ အမုန်းတွေနဲ့လဲချင်နေတာလဲကွာ
ချစ်နေပါလို့တော့ မပြောချင်ပါဘူး
ဒါပေမဲ့ မုန်းမေ့ဖို့တော့ မပြောပါနဲ့..

မနေချင်ရင် ထွက်သွားပါ
လက်ကာတော့ မပြပါနဲ့
ချစ်နေတာဟာ အမှန်ပါ
အစားထိုးချစ်ဖို့ မဖြစ်နိုင်တော့တာ မင်းသိမှာပါ။

ရင်ခုန်ခဲ့ဖူးတာ မင်းတစ်ယောက်တည်း
တစ်သက်မခွဲဘဲ ချစ်နေတာ ကိုယ်ပါ…
မလာချင်ရင် သွားပါ…
ခွင့်လွတ်ရင်း ချစ်နေမှာပါ………..

အချစ်ရှိရင် ပြည်စုံပါတယ်
မင်းသိလာတဲ့အချိန်
ထိုင်နေကြနေရာလေးမှာ
ကိုယ်စောင့်နေပါမယ်……..

ပြန်လာချိန်ကို မျော်နေသူမှာပတ်လက်
နေ့ညတွေကြောင့် မင်းအကြောင်းကထိုးနက်
အဆုံးတစ်သက် ရှိနေချင်တာ ဒို့တစ်သက်….
အပြုံးမပျက်ဘဲ ပြန်ချစ်ပါလို့ ပြောချင်နေတာ ရှုးမတတ်……….

                               စိုး……….

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

မနေချင်ရင် ထွက်သွားပါ
လက်ကာတော့ မပြပါနဲ့
ချစ်နေတာဟာ အမှန်ပါ
အစားထိုးချစ်ဖို့ မဖြစ်နိုင်တော့တာ မင်းသိမှာပါ။

commentinfo By: May Kha at Jan 17, 2012
Comment #2

မနေချင်ရင် ထွက်သွားပါ
လက်ကာတော့ မပြပါနဲ့
ချစ်နေတာဟာ အမှန်ပါ
အစားထိုးချစ်ဖို့ မဖြစ်နိုင်တော့တာ မင်းသိမှာပါ။
အဲဒီစာသားလေးကိုပိုကြိုက်တယ်ဗျ။

commentinfo By: poem.poem28 at Jan 17, 2012
Comment #3

really nice poem

commentinfo By: ei lay at Jan 17, 2012
Comment #4

ကောင်းပါတယ်

commentinfo By: မေပျို at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment