Professional Authors

ကံကြမ္မာ ဆေးလိပ်တို

 

အတွေးခေါ်ရဲ့ ရင်ခွင်ထဲမှာ
ငေးငိုက်နေတဲ့ ငါအတွက်တော့
ကော်ဖီတစ်ခွက်နဲ့ အသက်ဝင်ရင်း
ရှိုက်ငင်မိတဲ့ ဆေးလိပ်အငွေ့သက်တွေက
လည်တိုင်ကို ထိရှ တိုက်ခိုက်လို့
ချောင်းဟန့်သံတချက် လေလှိုင်းတွေထဲ
လမ်းကူးဖြတ်သွားတော့ သမင်လည်ပြန်
မျက်လုံးတစိတ်ကို ကြည့်မိသွားလို့
လေဟာနယ်ထဲက နှလုံးအိမ်မှ
မီးစက်နိုးသံ ပတ်ဝန်ကျင်မှာ
ကြားလိုက်ရတယ် အချစ်အဆိပ်တက်လို့…။


မီးလောင်နေတဲ့ အငွေ့အသက်တွေကြား
ရှိုက်ငင်အားကောင်းလို့ ဂတ်(စ်)ငွေ့တွေ ထင်ကျန်သွားခဲ့
မမြင်ရတဲ့ အမှိုက်စတွေထဲ
ယစ်မူးရင်းနဲ့ အတွေးအိမ်ကို နယ်ချဲ့ခဲ့
တွေဝေနေတဲ့ အိပ်ယာပြင်ထက်က
ကြံဖန် စိတ္တဇတွေနဲ့ မထင်ရာ ဝိုးတဝါး
စိတ်ကူးတွေထဲ မီးများစွာနဲ့ ပြာကျနေဆဲ….။


ရှိုက်ငင်တိုင်း အငွေ့အသက်တွေနဲ့
လဲပြိုပြာကျရင်း မီးလောင်ပြင်မှာ
ဝေဒနာ ကကြိုးစဉ် စင်တင်တေးဆို
ညည်းညူးရင်းနဲ့ အတွေးတွေလည်း
တုန်ရီမောဟိုက်လို့ ခေါင်း ခြောက်နေတုန်း
ကျကျန်ခဲ့တဲ့ ပြာကလေးတွေက
လေလွင့်ပျောက်ကွယ် ပျက်စီးခဲ့ပြီလေ…။


ဒါပေမဲ့…
မသောက်ဖူးခဲ့တဲ့ ကော်ဖီတခွက်ရယ်
မရှိုက်ဖူးသေးတဲ့ ဆေးလိပ်တိုရယ်
မချစ်ဖူးသေးတဲ့ အချစ်ဦးရယ်
မခံစားဖူးသေးတဲ့ နှလုံးသားရယ်
တဖန် မနေဖူးသေးတဲ့ သန္ဓေရယ်
လက်ချိုးရေတွက်လို့ အတိတ်မှာ အိပ်ပျော်ရင်း
ဝေဒနာ ဆေးတခွက်နဲ့ အနာဂတ်ကို ရှေ့ဆက်လို့
ပစ္စုပ္ပန် တနေ့မှာ တွေ့ကြုံရအုန်းမယ်လေ…။ 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Jan 11, 2012
Comment #1

…………………
ကျွန်တော် နှစ်သက် အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 11, 2012
Comment #2

ရှိုက်ငင်တိုင်း အငွေ့အသက်တွေနဲ့
လဲပြိုပြာကျရင်း မီးလောင်ပြင်မှာ
ဝေဒနာ ကကြိုးစဉ် စင်တင်တေးဆို
ညည်းညူးရင်းနဲ့ အတွေးတွေလည်း
တုန်ရီမောဟိုက်လို့ ခေါင်း ခြောက်နေတုန်း
ကျကျန်ခဲ့တဲ့ ပြာကလေးတွေက
လေလွင့်ပျောက်ကွယ် ပျက်စီးခဲ့ပြီလေ…။

commentinfo By: May Kha at Jan 11, 2012
Comment #3

ခံစားအားပေးသွားပါတယ်။….

commentinfo By: poem.poem28 at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment