Professional Authors

လာမဲ့ ဘေး

တနေ့ တနေ့  အရေးကြီးတယ် အရေးကြီးတယ် နဲ့ အလုပ်နောက်ကို တရွတ်တိုက်လိုက်
ကဲ အခုတော့ သေမင်းက တံခါးခေါက်နေပီ..
အိမ်ရှေ့ တံခါးမ ကြီးကနေ ခေါက်လိုက် ပြူတင်းပေါက်ကလာလိုက်
နောက်ပေါက်ကလှည့်လိုက်နဲ့  သေလောက်တဲ့ရောဂါတွေ
အင်း ….ပါရမီကလည်း တယ်ရင့်ပုံမရတဲ့အဆုံး
ဝိပသနာ အထုံနည်းခဲ့သမျှ
အခုတော့ ဘုရား ဘုရား တခါ… ကျမ်းမာချမ်းသာပါစေတလှည့် … သိ သိ နဲ့ သတိထုံတာကတမျိုး
ထွက်မဲ့အသက် ကြုံသလိုသာထွက်တော့
ယမမင်းရေ.. သနားသဖြင့်  တရားအသိ ကိုယ်မှာရှိတဲ့အချိန် ခေါ်ပါလှည့် 
ခုမှ ကြောက်အားပိုပါလည်း မလိုဒေါသ လိုလောဘ က မောဟကြိုးဆွဲတိုင်း ကနေလို့ 
တချက်တလေ သတိရတိုင်း ဒါန နဲ့ ပေါင်း သီလကိုလည်း ဆောင်းပါတယ်
ဒီတခါ လူ့ ဘ၀အလာကောင်းမှာ အမြတ်မပါယင်တောင် အရင်းတော့ ကြေချင်ပါရဲ့ 
ပြောယင်း မီးစာ တိုတိုလာပြီ..
မီးစာကုန် လို့ ဆီမခမ်းခင် သူတော်ချဉ်းကပ် မြတ်တရားနာလို့ 
ရွှေနဲ့ ဆက်လို့ ဝယ်မရတဲ့ အချိန်တန်ဖိုးကို နားလည်
အားမငယ်ပဲ ကြိုးစားလိုက်မယ်
ပန်းမ၀င်သေးသမျှ တက်ကို မထောင်တော့ပါဘူး
ပန်းရောက်ခါနီးလေ လှေသွားလေ ဆိုတာ
လက်တွေ့ သက်သေပြနိုင်ဖို့ 
စစ်ပါ့မယ် ကိုယ့်စိတ်ကို
အချိန်ကိုမဖြုန်း သုံးသာသုံးရာကြဖို့ 
ပါရမီ ပါသလောက် ခရီးရောက် ပြီးမြောက်စေမယ် လို့ စိတ်ကိုတင်း
ကဲ အားစိုက်တော့မယ်

 

In: ကဗျာ Posted By: Date: Jan 9, 2012
Comment #1

ကောင်းလိုက်တာဗျာ..ကျွန်တော်လဲ ဒီလို တရားသဘောတွေ ခဏခဏ ဆင်ခြင်မိပါရဲ့ ။ ပြဿနာက မလိုဒေါသ လိုလောဘ က မောဟကြိုးဆွဲတိုင်း ကနေလို့  သေမင်းကို အချိန်းအချက်လုပ်ပြီး ခေါ်ဖို့ကလဲ တယ်ခက်တယ်ဗျာ။

commentinfo By: Moe Thit at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment