Professional Authors

အစိမ်းစား ဘီလူးမ

ခပ် အအ ဇာတ် ထုပ် ဆက်မက ဖို့ မာရ်နာတ် က တားဖူးတယ် …
ဘာထူးမလဲ အရူးအမူး..စူးနေတဲ့ ဒီဆူး ..
.သိကြားတောင် ထုတ် နုတ်လို့ မရဘူး ………………………

ခပ်လှလှ နိဒါန်းတွေက ရုပ်ဆိုးဆိုး နိဂုံးတွေအတွက်တော့ ငယ်နိုင်………….

ဘေး ထွက် EFFECT  ကြိုမတွက်ပဲ
ဓါးစာခံ တစ်ခု ပြု တာတစ်ခု
IQ မြင့် ပါတယ် ဆိုတဲ့ နင်
ဦးနှောက် သိပ်နည်းလွန်းသွားတယ်…………

သိတဲ့ အတိုင်းပဲ ငါက တောက်ခေါက်မြွေ…………….
တောက်လဲ ခေါက်တယ်
ကမ္ဘာလဲ ဖြိုတယ်
အိမ်မက်အကောင်းစားတွေ လဲ အကောင်လိုက်မြိုတတ်တယ်
မြင်ပြင်းကတ်စရာချစ်ခြင်းတွေ ဆို တစ်လုပ်လောက်နဲ့ အပြတ်ဖြုတ်တတ်တယ် …………………..

ခပ်တန်တန် ရယ်သံတွေနဲ့ လုံးပန်း
နုံး နွမ်းလာတော့
ခပ်အုပ်အုပ်တွေ ရယ်တတ်လာတယ် (တနည်း)
အဆိပ် လဲရှိလာတယ်ပေါ့ ………………………………………

ဖယောင်း ရုပ်လို ပုံသွင်း …
တဆင့် ချင်း တဆင့်ဆိုတော့
ပုံစံ ၀င်သွားတာ လူတင်မကတော့ဘူး
နှလုံးသားပါ အဆစ် ခုထိ တော့ ခပ်ဆတ်ဆတ်မာနေတုန်း…………..

ယုံချင် ရင်ြ့ပုတ်ကြည့်
တစ်ထောင့်တစ်ည ပုံပြင်ထက် တောင် ကြာလိမ့်ဦးမယ် …………………….

မာရေကြောရေ နဲ့
ရှက်ကိုးရှက်ကန်းနဲ့
ရှိုးတို့ ရှန်းတန်းနဲ့
ချစ်စဖွယ် အမူအရာနဲ့
မိန်းမတောင် ပီသလာပါပေါ့ (အော်)
လူပီသတယ်ဆို ပိုမှန်လေမလား ………………

ဆက်ရန် ရှိသေးလား ……………..
ဆက်ဦးမယ် ……

ဒဏ်ခတ်ရန်ကျန်သေးလား…………..
ဒဏ်တပ်ခံဦးမယ်…………….

ပုံသွင်းရန်ကျန်သေးလား…………
ပုံစံဝင်ဦးမယ်……………….

ကျေနပ်ပီဆိုရင်တော့
ခုန်ချပီနော် ………
လုံးသ ဥဿုံ ..
အသည်းသာ အစိမ်းလိုက် စားတဲ့ ဘီလူးမ ဘ၀ သို့ ………………….

၂.၁.၂၀၁၂

In: ကဗျာ Posted By: Date: Jan 2, 2012
Comment #1

a me lay….a me lay…
kyauk sa yar g dot.
ne ne lout shot par ong a ma ye,,,
kou pe pin pan hmar pop loh,,,hote bu lar?
ei lay le nyit nay tar pe,,,he,,he,,
dar pay me a ma lout dot thu ko ma htin yet par bu,,,he,,he,,
ei lay ko sate nar aung loak lun loh thu ko be lo sate chan tar aung htar pay yin kaung ma le sin sar nay tar kyar p.

commentinfo By: ei lay at Jan 2, 2012
Comment #2

အိုးအိုးးးးးးးးးးးးးးးးး
ကဗျာတစ်ပုဒ်လုံး…လုံးဝမိုက်တယ်ဗျာ
အားပေးသွားးပါတယ်။

commentinfo By: poem.poem28 at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment