Professional Authors

ဒေါက်တာငွေမက် ဦးဇီးကွက် (ဇဝန)

ကျွန်တော်က ဒီလို ခရစ်စမတ်လို၊ နှစ်သစ်ကူးလိုအချိန်မျိုးဆို သိပ် moody ဖြစ်တယ်ဗျ။ နှစ်တိုင်းပါပဲ။ ဒီလိုအချိန်မျိုးဆို ရီစရာလေးတွေ ဖတ်မိရင် ခံစားရတာ နဲနဲ သက်သာတယ်။ အခုဟာ ဆရာဇဝန စပ်တာပါ။ ဇဝန ဆိုတာနဲ့ ရီစရာ ဟာသတွေ ရေးတတ်တယ် ဆိုတာကိုတော့ အားလုံး သိပြီး ဖြစ်မှာပါ။

ဆရာဝန်ကြီး ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိတ်စ်ဝိုင်ဇက်။ ။

တနေ့မနက် စောစောမှာ
မောင်ကျီးညိုလေး ရောက်လို့လာ။ ။

လုပ်ပါ နှုတ်ပါ ထုတ်ပါအုံး
ကျနော့်ဖင်က လောက်စာလုံး။ ။

ဘယ့်နှယ်တုန်းကွယ့် မောင်မောင်ညို
လောက်စာလုံးတောင် မရှောင်မျို။ ။

ငတ်လှသကို အစားပုတ်
မအံ့ပေါင် မောင်ဝမ်းချုပ်။ ။

မဟုတ်ပါဘူး ဆရာရယ်
ကျနော်မှန်ရာပြောပါ့မယ်။ ။

နွားကျောင်းသားငယ် လေးနဲ့ပစ်
လောက်စာလုံးဝင်လို့ ဖင်ဝတစ်။ ။

ဖြစ်ရလေဟယ် အံ့စဖွယ်
မပူပါနဲ့ ပျောက်စေ့မယ်။ ။

ထွက်ရလွယ်အောင် ရေနဲ့ဆေး
ဆရာဝန်ခ သုံးဆယ်ပေး။ ။

မောင်မောင်ညိုလေး ရောဂါစင်
ဆေးကုသခ မပေးချင်။ ။

ညအိပ်ရာဝင် ဦးဇီးကွက်
ခေါင်းလာဖောက်လို့ ဦးဏှောက်ထွက်။ ။

ဒေါက်တာငွေမက် ဦးဇီးကွက်
အမ်ဘီဘီအက်စ် အိပ်စ်ဝိုင်ဇက်။ ။

In: ကဗျာ Posted By: Date: Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment